The network connection is lost.

Banner Image

ယူရို-၂၀၂၈ ပြိုင်ပွဲအထိ ဂျာမနီအားကစားဒါရိုက်တာအဖြစ် ဆက်ရှိနေမယ့် ရူဒီဗောင်လာ

ဂျာမနီဂန္ထဝင်ရူဒီဗောင်လာက လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၈ ခုနှစ်အထိ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ရဲ့ အားကစားဒါရိုက်တာအဖြစ် ဆက်လက်ရှိနေမယ်လို့ Sky Germany ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒါကြောင့် ရူဒီဗောင်လာက ယူရို-၂၀၂၈ ပြိုင်ပွဲအထိ ဒီရာထူးမှာ ဆက်ရှိနေဦးမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အခုကိစ္စမှာ ဂျာမနီနည်းပြသစ်အဖြစ် တာဝန်ယူဖို့ သေချာသလောက်ဖြစ်နေတဲ့ ယာဂန်ကလော့ပ်ရဲ့ဆန္ဒလည်း ပါဝင်နေပါတယ်။ ကလော့ပ်နဲ့ ဗောင်လာတို့အကြား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးပြီလို့လည်း သိရပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB) နဲ့ ကလော့ပ်တို့ကြား ဆွေးနွေးမှုတွေကိုတော့ လာမယ့် ဇူလိုင် ၁၀ ရက်၊ နယူးယောက်မြို့မှာ စတင်ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အဲဒီနောက်မှာတော့ လက်ရှိ Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ ကလော့ပ်ရဲ့ ရာထူးမှထွက်ခွာနိုင်မယ့်ကိစ္စတွေကို ဆက်လက်ညှိနှိုင်းသွားကြပါလိမ့်မယ်။