The network connection is lost.

Banner Image

ဂျာမနီနည်းပြသစ်ဖြစ်လာဖို့ နီးစပ်နေချိန် ရူဒီဗောင်လာနဲ့ စကားပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ယာဂန်ကလော့ပ် ဖွင့်ဟ

ဂျာမနီအသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ယာဂန်ကလော့ပ်က ရူဒီဗောင်လာနဲ့ မကြာသေးခင်ရက်ပိုင်းအတွင်း ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဂျာမနီအသင်းက ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ စိတ်ပျက်ဖွယ်ထွက်ခွာလာပေမဲ့ ရူဒီဗောင်လာကိုတော့ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်ဖြစ်တဲ့ ၂၀၂၈ ခုနှစ်အထိ အားကစားဒါရိုက်တာရာထူးမှာ ဆက်ထားရှိမယ်လို့ အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။

အခုဆုံးဖြတ်ချက်က နာဂယ်စ်မန်းရဲ့နေရာကိုအစားထိုးဖို့ ပထမဦးစားပေးဖြစ်နေတဲ့ ယာဂန်ကလော့ပ်နဲ့ အသက် ၆၆ နှစ်အရွယ် ရူဒီဗောင်လာတို့ ဆွေးနွေးမှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

အင်္ဂါညနေပိုင်း၊ MagentaTV မှာ ကမ္ဘာ့ဖလားသုံးသပ်သူအဖြစ် ပါဝင်ချိန် ယာဂန်ကလော့ပ်က ရူဒီဗောင်လာနဲ့ ပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို အခုလိုဖွင့်ဟလာခဲ့ပါတယ်။

"ဘာကိုမှ အပြီးသတ်ဆုံးဖြတ်ရခြင်းမရှိသေးလို့ လက်ရှိအခြေအနေက နည်းနည်းတော့ ထူးခြားနေပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘာပဲဖြစ်လာဖြစ်လာ အချို့သောဆွေးနွေးမှုတွေကတော့ ကြိုလုပ်ထားလို့ ရပါတယ်။ တကယ်လို့ အခြေအနေတစ်ခုပေါ်ပေါက်လာရင် ကျွန်တော်နဲ့အတူ ရူဒီဗောင်လာတွဲလုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ပေါ်ပေါက်နေလို့  သူ့ဆီ တိုက်ရိုက်ဖုန်းဆက်ပြီး ကျွန်တော့်ဘက်မှာ ဘာပြဿနာမှမရှိဘူးဆိုတာရှင်းပြဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ယာဂန်ကလော့ပ်က ဆိုပါတယ်။

လီဗာပူးလ်နည်းပြဟောင်းယာဂန်ကလော့ပ်က သူသာ ဂျာမနီနည်းပြဖြစ်လာရင် ရူဒီဗောင်လာရဲ့အတွေ့အကြုံပို်ငးတွေ အများကြီးအရေးပါလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

"တကယ်လို့ အကြောင်းအကြောင်းကြောင့် ဖြစ်လာမယ်ဆိုရင် လုပ်ငန်းစဉ်တွေနဲ့ အခြေအနေအားလုံးကို သိထားတဲ့သူတစ်ဦးရှိနေလို့ အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ ရူဒီဗောင်လာမှာ တစ်ဖက်မှကြည့်ရင် ဘောလုံးအတွေ့အကြုံတွေ ရှိသလို၊ နောက်တစ်ဖက်မှာလည်း အဖွဲ့ချုပ်ထဲမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ အဲဒီလိုအတွေ့အကြုံမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ကျွန်တော်က လက်ရွေးစင်အသင်းမှာ ကစားခဲ့ဖူးတာလည်း မရှိသလို လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးတာလည်း မရှိလို့ပါပဲ" လို့ ယာဂန်ကလော့ပ်က ရှင်းပြခဲ့ပါတယ်။