The network connection is lost.

Banner Image

လတ်တလောဖြစ်ရပ်တွေကြောင့် အားကစားဒါရိုက်တာနဲ့ လမ်းခွဲခဲ့တဲ့ ဟားလ်စီးတီးအသင်း

ဟားလ်စီးတီးအသင်းက သူတို့ရဲ့အားကစားဒါရိုက်တာဖြစ်သူဂျာရက်ဒပ်ဗလင်နဲ့ လမ်းခွဲလိုက်ပါတယ်။

ဒပ်ဗလင်ဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ အခုရာထူးတာဝန်ကို စတင်ထမ်းဆောင်ပေမဲ့ လတ်တလောမှာတော့ ဟားလ်စီးတီးအသင်းမှ ချက်ချင်းဆိုသလို ထွက်ခွာသွားပါပြီ။

ဟားလ်စီးတီးအသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ "အသင်းမှာ ရှိနေတဲ့ကာလတစ်လျှောက် ဒပ်ဗလင်ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အထူးသဖြင့် အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် ကူညီပေးခဲ့မှုတွေအတွက် အထူးကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း ဒပ်ဗလင် အောင်မြင်စေဖို့ ဆုတောင်းပေးပါတယ်"လို့ ဖော်ပြထားပါတယ်။

ဟားလ်စီးတီးက ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲမှာ မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ပရီးမီးယားလိဂ်နဲ့ ကိုးနှစ်ကြာဝေးကွာနေမှု အဆုံးသတ်ပြီးချိန်မှာပဲ အခုလိုလမ်းခွဲမှု ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။