ပါရာဂွေးကို ခက်ခက်ခဲခဲအနိုင်ယူကာ ကွာတားဖိုင်နယ်တက်ရောက်လာတဲ့ ပြင်သစ်
ပါရာဂွေး ဝ-၁ ပြင်သစ် (ပွဲပြီးရလဒ်)
အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ ပြင်သစ်က ပါရာဂွေးအပေါ် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပေမဲ့ ပြိုင်ဘက်ရဲ့ကျစ်လစ်လှတဲ့ခံစစ်စုဖွဲ့မှုကို ဖြိုခွဲနိုင်ဖို့တော့ အတော်လေးရုန်းကန်သွားရပါတယ်။ အခုပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို အမ်ဘာပေက ဒုတိယပိုင်းပွဲချိန်အတွင်း ပယ်နယ်တီမှတဆင့် သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ပြင်သစ်က ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။