ဂွန်ကာလိုရာမို့စ်ရဲ့နောက်ကျဂိုးနဲ့ ၁၆သင်းအဆင့်ကို တက်သွားတဲ့ ပေါ်တူဂီ
ပေါ်တူဂီ ၂ - ၁ ခရိုအေးရှား (ပွဲပီးရလဒ်)
ပေါ်တူဂီအသင်းက တစ်ပွဲလုံးနီးပါး ခြေစွမ်းပိုင်းအရ အားရစရာမရှိခဲ့ပေမဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဂွန်ကာလိုရာမို့စ်တို့ရဲ့ဂိုးတွေကြောင့် ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ခရိုအေးရှားက တစ်ပွဲလုံးနီးပါး အကောင်းဆုံးကစားခဲ့ပေမဲ့ ဂိုးကံခေမှုတွေကြောင့် တစ်ဂိုးသာရခဲ့သလို သက်ကြီးကစားသမားတွေ ကစားအားကျသွားတဲ့အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်ပေးခဲ့ရပြီး ၃၂သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ပေါ်တူဂီအသင်းက ၁၆သင်းအဆင့်မှာ စပိန်နဲ့ ပွဲကြီးပွဲကောင်း ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။