နောက်ကျဂိုးဖြင့် ပေါ်တူဂီကို အနိုင်ယူကာ ကွာတားဖိုင်နယ်တက်လှမ်းသွားတဲ့ စပိန်
ပေါ်တူဂီ ဝ-၁ စပိန် (ပွဲပြီးရလဒ်)
အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဥရောပအသင်းကြီးတွေထိပ်တိုက်တွေ့ဆုံမှုမှာ စပိန်နဲ့ပေါ်တူဂီတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပြီး နှစ်သင်းလုံးရဲ့ခံစစ်ကစားပုံလည်း ထိပ်တန်းအဆင့်ပုံစံမျိုး ပြသနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်ဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဖာရန်တောရက်စ်ရဲ့ဖန်တီးပေးမှုမှတဆင့် မီရီနိုက သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် စပိန်က ကွာတားဖိုင်နယ်အဆင့်မှာ အမေရိကန်(သို့မဟုတ်)ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။