ဘော့စနီးယားကို အနိုင်ယူပြီး ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်သွားတဲ့ အမေရိကန်
အမေရိကန် ၂-၀ ဘော့စနီးယား (ပွဲပြီးရလဒ်)
အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင်အမေရိကန်နဲ့ ဘော့စနီးယားတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ စိတ်ဝင်စားစရာပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းအတွင်း အမေရိကန်က ပြိုင်ဘက်ဘော့စနီးယားကို အပြတ်အသတ်အသာစီးရယူကစားခဲ့ပြီး ဘယ်လိုဂန်ရဲ့ဦးဆောင်ဂိုးပါ ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဘယ်လိုဂန် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရမှုနဲ့အတူ ကစားသမားတစ်ဦးအသာစီးရရှိသွားတဲ့ ဘော့စနီးယားအသင်းက တိုက်စစ်မြှင့်ကစားလာပေမဲ့ တေးလ်မန်းရဲ့ဖရီးကစ်သွင်းဂိုးနဲ့အတူ အမေရိကန်တို့ အဖိုးတန်နိုင်ပွဲ ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အမေရိကန်က ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ကစားသွားရပါမယ်။