ဒီအာကွန်ဂိုကို comebackနဲ့အနိုင်ယူကာ ၁၆သင်းအဆင့်တက်သွားတဲ့ အင်္ဂလန်
အင်္ဂလန် ၂ - ၁ ဒီအာကွန်ဂို (ပွဲပြီးရလဒ်)
အင်္ဂလန်အသင်းဟာ ယနေ့ညပွဲစဉ်မှာ ခြေစွမ်းပိုင်းဆိုးရွားခဲ့ပေမဲ့ ဟယ်ရီကိန်းရဲ့ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ comebackပြန်လာကာ ၁၆သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
အင်္ဂလန်က ပွဲအစပိုင်းမှာတင် ဒီအာကွန်ဂိုကို ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် နောက်ကလိုက်ကစားခဲ့ရသလို ရက်ရှ်ဖို့ဒ်နဲ့ မာကူကီတောင်ပံက ခြေစွမ်းဆိုးရွားနေမှု၊ ပြိုင်ဘက်ဂိုးသမား အမ်ပါစီ လက်စွမ်းပြနေမှုတို့ကြောင့် လူစားလဲမှုအများအပြားပြုလုပ်ကာ နိုင်ပွဲရအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။
ဒီအာကွန်ဂိုကတော့ ကမ္ဘာ့ဖလားမျက်နှာသစ်အသင်းတစ်သင်းအနေနဲ့ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး သမိုင်းသစ်တစ်ခုရေးထိုးနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၁၆သင်းအဆင့်မှာ အိမ်ရှင် မက္ကဆီကိုနဲ့ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။