ကမ္ဘာ့ဖလားဝင်ခွင့်ဆိုင်ရာ စိုးရိမ်မှုတွေနဲ့ပတ်သက်လို့ ဒီအာကွန်ဂိုကစားသမားမှာ အပြစ်မရှိဘူးလို့ ဖီဖာ အတည်ပြုဆုံးဖြတ်
ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ စည်းမျဉ်းနဲ့မကိုက်ညီတဲ့ ဂိုးသမားတစ်ဦးကို ဒီအာကွန်ဂိုအသင်း တရားမဝင်အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ဖီဖာကိုယ်တိုင် သိရှိခဲ့ပေမဲ့ တစုံတရာအရေးယူဆောင်ရွက်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အင်္ဂါနေ့ထုတ် New York Times သတင်းစာမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်အခြေအနေတစ်ရပ်ကို ဖော်ပြလာခဲ့ပါတယ်။ ဒီသတင်းမီဒီယာရဲ့ဖော်ပြချက်အရ အင်ဖန်တီနိုနဲ့ ဖီဖာတို့က ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဒီအာကွန်ဂိုအသင်းရဲ့ ပုံမှန်မဟုတ်တဲ့ စည်းမျဉ်းချိုးဖောက်မှုတစ်ခုကို သိရှိထားခဲ့ကြတယ်လို့ ဆိုပါတယ်။
'ကျားသစ်များ' လို့ အမည်ပြောင်ရရှိထားတဲ့ ဒီအာကွန်ဂိုက ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပလေးအော့ဖ်အဆင့်မှတဆင့် အောင်မြင်လာခဲ့ပါတယ်။ သူတို့တွေက ပထမအဆင့်မှာ ကင်မရွန်း၊ နိုင်ဂျီးရီးယားတို့လို အာဖရိကနာမည်ကြီးအသင်းတွေကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ တိုက်ကြီးများအလိုက်ပလေးအော့ဖ်မှာ ဂျမေကာကို ဖြုတ်ချခဲ့ပါတယ်။ ဒီအာကွန်ဂိုက အုပ်စု K မှာ ပေါ်တူဂီနဲ့ ပထမဆုံးရင်ဆိုင်ခဲ့ရပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ လတ်တလောအငြင်းပွားမှုရဲ့ဗဟိုချက်ဖြစ်တဲ့ ဂိုးသမားလီယွန်နယ်အမ်ပါစီလည်း ပါဝင်ကစားခဲ့ပါတယ်။
နိုင်ဂျီးရီးယားရဲ့တိုင်ကြားချက်အရ အမ်ပါစီကို ဒီအာကွန်ဂို တရားမဝင်သောနည်းလမ်းဖြင့် အသုံးပြုခဲ့တယ်လို့ New York Times က ရှင်းပြခဲ့ပါတယ်။ ပြင်သစ်လူငယ်လက်ရွေးစင်အဆင့်မှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဒီဂိုးသမားအတွက် နိုင်ငံသားပြောင်းလဲခံယူမှုလုပ်ငန်းစဉ် (naturalisation process)ကို အာဖရိကဘောလုံးအဖွဲ့ချုပ်က အပြီးသတ်ဆောင်ရွက်ပေးခဲ့ခြင်း လုံး၀မရှိပါဘူး။
ဒါပေမဲ့ နောက်ပိုင်းမှာ ဖီဖာက ဂျမေကာနဲ့ကစားခဲ့တဲ့ ဒီအာကွန်ဂိုရဲ့ပွဲစဉ်တွေနဲ့ နောက်ဆက်တွဲ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ကစားသမားဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆိုင်ရာပြဿနာတွေ လုံးဝမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဖီဖာရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဂျမေကာနဲ့ကစားခဲ့တဲ့ ဒီအာကွန်ဂိုရဲ့ ပွဲစဉ်တွေနဲ့ နောက်ဆက်တွဲ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကစားသမားဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆိုင်ရာပြဿနာတွေ မရှိခဲ့ဘူးဆိုတာကို ဖီဖာက အတည်ပြုနိုင်ပါတယ်"
"ဖော်ပြထားတဲ့အတိုင်း ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်တင်သွင်းခဲ့တဲ့ ကန့်ကွက်တိုင်ကြားချက်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဒါကို လက်မခံနိုင်တဲ့ တိုင်ကြားချက်အဖြစ် ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အလားတူဖြစ်ရပ်နှစ်ခုမှာတော့ အရည်အချင်းမပြည့်မီတဲ့ကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့တဲ့ လက်ရွေးစင်အသင်းတွေရဲ့ပွဲစဉ်တွေကို အရှုံးရလဒ်အဖြစ် ဖီဖာက စီရင်ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂရိနဲ့ ၂၀၁၈ ခုနှစ်မှာ ဘိုလီးဗီးယားတို့ အဲဒီလိုဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။ တကယ်လို့ ဒီအာကွန်ဂိုကိစ္စမှာလည်း ဒီစီရင်ထုံးအတိုင်း ကျင့်သုံးမယ်ဆိုရင် 'ကျားသစ်များ' အတွက် ကမ္ဘာ့ဖလားပလေးအော့ဖ်နေရာ ဆုံးရှုံးပြီး နိုင်ဂျီးရီးယားရဲ့အခွင့်အလမ်းတွေ လမ်းပွင့်သွားနိုင်ပါတယ်။
အမ်ပါစီက ၂၀၂၂ ခုနှစ်မှာ ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီးနောက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွက် ၃၃ ပွဲ ပါဝင်ကစားပေးထားပါတယ်။ အင်္ဂလန်ကို ရှုံးနိမ့်ကာ ၃၂ သင်းရှုံးထွက်အဆင့်မှထွက်ခွာလာရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဒီအာကွန်ဂိုရဲ့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွေမှာလည်း အမ်ပါစီ ပါဝင်ကစားပါလိမ့်မယ်။