The network connection is lost.

Banner Image

ပေါ်တူဂီကို သရေကစားကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကိုတက်သွားတဲ့ ကိုလံဘီယာ

ကိုလံဘီယာ ၀ - ၀ ပေါ်တူဂီ (ပွဲပြီးရလဒ်)

ကိုလံဘီယာအသင်းဟာ အုပ်စုဗိုလ်ဖြစ်ဖို့ ရမှတ်တစ်မှတ်ပဲလိုအပ်ပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားခဲ့ပြီး ပေါ်တူဂီဂိုးသမား ကော်စတာရဲ့လက်စွမ်းပြမှုတွေကြောင့်သာ သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကတော့ ပထမပိုင်းအတွင်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဒုတိယပိုင်းမှာ ကစားအားကျသွားတာကြောင့် ကိုလံဘီယာကို အခွင့်အရေးအများအပြားခွင့်ပြုခဲ့ရပြီး ကော်စတာရဲ့ကာကွယ်မှုတွေကြောင့်သာ သရေရလဒ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဒီအာကွန်ဂိုအသင်းက ဥဇဘက်ကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အကောင်းဆုံးတတိယအဖြစ် နောက်တစ်ဆင့်တက်ဖို့သေချာသွားပြီဖြစ်ပြီး ဥဇဘက်ကတော့ အုပ်စုကထွက်ခဲ့ရပါတယ်။

ယခုသရေပွဲကြောင့် ရော်နယ်ဒိုရဲ့ပေါ်တူဂီနဲ့ မက်ဆီရဲ့အာဂျင်တီးနားတို့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရနိုင်တဲ့အခြေအနေကတော့ ဖြစ်လာဖို့မရှိတော့ပါဘူး။