The network connection is lost.

Banner Image

ပထမပို်ငးပွဲချိန်အပြီး ဂိုးသမားမူစလီယာကို ဘာကြောင့်လူစားလဲလှယ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဥရုဂွေးနည်းပြဘီယဲလ်ဆာ

အရှက်ရစရာ ၂၀၂၆ ကမ္ဘာ့ဖလားခရီးစဉ်အဆုံးသတ်စေမယ့် စပိန်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ဥရုဂွေးနည်းပြဘီယဲလ်ဆာက ဂိုးသမားမူစလီယာကို လူစားလဲလှယ်ခဲ့ပါတယ်။

အက်စ်တူဒီယန်တေးစ်ဂိုးသမားက ဥရုဂွေးအသင်းနဲ့အတူ အိပ်မက်ဆိုးဆန်ဆန်ကမ္ဘာ့ဖလားခရီးစဉ်ကို ဖြတ်သန်းခဲ့ပြီး အဲလက်စ်ဘေလ်နာရဲ့ကန်ချက်ကိုကာကွယ်ရာမှာ အမှားအယွင်းရှိခဲ့လို့ စပိန်အသင်းဆီ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။

စပိန်နဲ့ပွဲစဉ်အမှားအယွင်းကြောင့် မူစလီယာက စံချိန်မှတ်တမ်းတွေ စတင်ရေးမှတ်ထားတဲ့ ၁၉၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း ပေးဂိုးအထိခွင့်ပြုရစေတဲ့ အမှားသုံးကြိမ်တိတိပြုလုပ်သူ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဘေလ်နာရဲ့ကန်ချက် သူ့ကိုကျော်ဖြတ်ကာ ဂိုးဝင်သွားပြီးနောက် မူစလီယာကိုယ်တိုင် စိတ်ပျက်ဒေါသထွက်ပြီး အော်ဟစ်နေမှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

စိတ်ပျက်စရာရှုံးနိမ့်မှုအပြီး ဘီယဲလ်ဆာက ပထမပိုင်းပွဲချိန်အပြီး မူစလီယာရဲ့နေရာမှာ ရိုချက်နဲ့ လူစားလဲလှယ်ဖို့ မဆုံးဖြတ်ထားဘဲ ဂိုးသမားရဲ့အနားယူချင်တဲ့ဆန္ဒကြောင့်သာ အခုလိုလူစားလဲလှယ်ပေးခဲ့တာပါလို့ ရှင်းပြပါတယ်။

"မူစလီယာကို လူစားလဲတယ်ဆိုတာ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ မူစလီယာကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ" လို့ ဘီယဲလ်ဆာက ဥရုဂွေးရုပ်သံလိုင်းဆီ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က ဥရုဂွေးကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ခြင်း မရှိခဲ့သလို နိုင်ငံအတွက်လည်း ဘာမှ မချန်ပေးနိုင်ခဲ့ပါဘူး။ ဗယ်လ်ဗာဒီထွက်ခွာသွားပြီးနောက် တိုက်စစ်ပိုင်းကို ပိုမိုအင်အားတောင့်တင်းစေချင်ခဲ့တယ်ဆိုတာ မှန်ပါတယ်။"

"ကမ္ဘာ့ဖလားပြိုင်ပွဲကိုဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ရာထူးတာဝန်အရတော့ ဒီလိုဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူးဆိုတာ သေချာပါတယ်"လို့ ဘီယဲလ်ဆာက ဆက်ပြောခဲ့ပါတယ်။

ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဥရုဂွေးအသင်းအတွက် ဂိုးသမားကို လူစားလဲလှယ်တဲ့ ပထမဆုံးအကြိမ်ဆုံးဖြတ်ချက် ဖြစ်လာခဲ့ပါတယ်။

ဥရုဂွေးအသင်းက ကိတ်ဗာဒီ၊ ဆော်ဒီအာရေဗျတို့နဲ့ သရေကျပြီးနောက် အုပ်စု (J)မှ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ စပိန်အသင်းကို မဖြစ်မနေသရေကစားဖို့ လိုအပ်ခဲ့ပေမဲ့ ရှုံးပွဲနဲ့အတူ ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။

အသင်းအတွင်း စိတ်ဝမ်းကွဲမှုကောလာဟလတွေ ထွက်ပေါ်နေပြီး ဘီယဲလ်ဆာရဲ့ အနာဂတ်လည်း မရေမရာဖြစ်နေသလို ခြေစွမ်းမပြသနိုင်တဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗယ်လ်ဗာဒီကို ပွဲချိန် ၅၆ မိနစ်မှာ လူစားလဲလှယ်ခဲ့မှုလည်း အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်တစ်ခုအဖြစ် မြင်တွေ့လာရပါတယ်။