The network connection is lost.

Banner Image

အာဆင်နယ်စတားဟောင်းနဲ့ပတ်သက်ပြီ ကာကွယ်ပြောကြားလာတဲ့ ဗီလာရီးရဲလ်ဥက္ကဌ ဖာနန်ဒို

ဗီလာရီးရဲလ်ဥက္ကဌ ဖာနန်ဒိုက ကစားသမားသစ် ပါတေးတစ်ယောက် ဗီလာနဲ့ပွဲဦးထွက်မှာ ပရိသတ်တွေရဲ့သရော်ခြင်းခံခဲ့ရပြီးနောက် အာဆင်နယ်စတားဟောင်းဘက်ကနေ ကာကွယ်ပြောကြားလိုက်ပါတယ်။ ပါတေးဟာ အာဆင်နယ်ကနေထွက်ခွာပြီးနောက် စပိန်ကလပ်ထံ အခုနွေရာသီတုန်းက အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာစွပ်စွဲခံရမှုတွေရှိနေပေမယ့်လည်း ဗီလာရီးရဲလ်အသင်းက ပါတေးကို အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သြဂုတ်လအစတုန်းက ပါတေးတစ်ယောက် တရားရုံးကိုတက်ရောက်ခဲ့ပြီး အာမခံရရှိခဲ့ပါတယ်။ ပါတေးကိုခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေက အသင်းကိုဝေဖန်နေကြသလို အခုဗီလာနဲ့ခြေစမ်းပွဲအဖြစ် ပွဲဦးထွက်ပါဝင်လာချိန်မှာလည်း သရော်ခဲ့ကြတာဖြစ်ပါတယ်။

“ကစားသမားက လက်ရှိဥပဒေအရ ဆက်သွားနေတဲ့အခြေအနေပါ။ သူက အခုပြစ်မှုတွေကို ငြင်းဆန်ထားသလို အသင်းကလည်း အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ အခုအမှုတွေက အင်္ဂလိပ်တရားရုံးတွေမှာပဲ တာဝန်ရှိတာပါ။ ကျွန်တော်တို့ ဒီလိုအခြေအနေကို နှစ်အတော်ကြာဖြတ်သန်းဖူးပါတယ်။ ပြီးတော့ ဘောလုံးရပ်ဝန်းအတွင်းမှာကော အပြင်မှာပါ ဘယ်လိုအကြမ်းမှုကိုမဆို ရှုတ်ချခဲ့တာပါ။

လက်ရှိမှာ ပါတေးက မတရားခံနေရတာဖြစ်ပြီး အခြေအနေတွေက မသဲကွဲသေးပါဘူး။ ဗီလာပရိသတ်တွေ ပါတေးအကြောင်း တီးတိုးပြောတာကြားလိုပါတယ်။ ဗီလာရီးရဲလ်ပရိသတ်တွေတင်မဟုတ်ပါဘူး။ ကျွန်တော်တို့ပရိသတ်တွေက အဲ့လိုမဖြစ်သင့်ပါဘူး။ အသင်းနဲ့အတူရပ်တည်ပြီး အပြစ်မထင်ရှားသေးတဲ့ကစားသမားကို လေးစားရပါမယ်။ သူက လက်ရှိမှာတရားရင်ဆိုင်နေရတုန်းပဲရှိပါသေးတယ်။

 စောစောစီးစီး မဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ သောမက်စ်က သူ့အလုပ်သူလုပ်နေပါတယ်”လို့ ဖာနန်ဒိုက ပြောကြားခဲ့ပါတယ်။ ပါတေးဟာ လာမယ့်သောကြာနေ့ တန်းတက် အိုဗီဒိုနဲ့ပွဲမှာ ဗီလာရီးရဲလ်အတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။