ဂိုးပြတ်နိုင်ပွဲနဲ့အတူ အုပ်စုဗိုလ်နေရာသိမ်းပိုက်သွားတဲ့ ဘယ်လ်ဂျီယံ
နယူးဇီလန် ၁-၅ ဘယ်လ်ဂျီယံ
အုပ်စု(G)ရဲ့အပိတ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လ်ဂျီယံက နယူးဇီလန်ကို သက်သောင့်သက်သာအနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားပါတယ်။ အခုပွဲစဉ်ရဲ့ပထမပို်ငးပွဲချိန်အတွင်း ဘယ်လ်ဂျီယံအတွက် ထရော့ဆက်ဒ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန်မှာတော့ ထရော့ဆက်ဒ်၊ ဒီဘရိုင်း၊ လူစားဝင်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ ဆေလီမိတ်ကာတို့က နောက်ထပ်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ နယူးဇီလန်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ အီလီယာဂျက်စ်က ပွဲချိန်နှောင်းပိုင်းမှာ ရယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘယ်လ်ဂျီယံက အုပ်စုပထမ၊ အီဂျစ်က အုပ်စုဒုတိယနေရာ ရရှိခဲ့ပြီး သုံးမှတ်ရရှိထားတဲ့ အီရန်ကတော့ အကောင်းဆုံးအုပ်စုတတိယအဖြစ် နောက်တစ်ဆင့်တက်ရောက်နိုင်မလား စောင့်ကြည့်သွားရပါတော့မယ်။