နိုင်ပွဲနဲ့အတူ အကောင်းဆုံးအုပ်စုတတိယအဖြစ် ရှုံးထွက်အဆင့်တက်ရောက်လာတဲ့ အီကွေဒေါ
အီကွေဒေါ ၂-၁ ဂျာမနီ (ပွဲပြီးရလဒ်)
အုပ်စု(E)ရဲ့အပိတ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ အီကွေဒေါက ဂျာမနီကို Comeback ဖြင့် အနိုင်ယူကာ အကောင်းဆုံးအုပ်စုတတိယနေရာရယူပြီး နောက်တစ်ဆင့်ဆီ တက်လှမ်းလာပါတယ်။ အခုပွဲစဉ်စတင်လာချိန်မှာပဲ ဆာနေးရဲ့သွင်းဂိုးနဲ့ ဂျာမနီအသင်းဦးဆောင်ခဲ့လို့ အီကွေဒေါအသင်းဖိအားတွေအောက် ကျရောက်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ အန်ဂူလိုရဲ့သွင်းဂိုးနဲ့ ပြိုင်ဘက်ရဲ့ဦးဆောင်မှုကို ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာတော့ ပလာတာက အီကွေဒေါအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အုပ်စုတွင်းထိပ်တိုက်တွေ့ဆုံမှုအရ အသာစီးရရှိထားတဲ့ ဂျာမနီအသင်းက အုပ်စုပထမ၊ အိုင်ဗရီကို့စ်အသင်းက အုပ်စုဒုတိယနေရာရရှိခဲ့ပြီး လေးမှတ်ရရှိထားတဲ့ အီကွေဒေါကတော့ အုပ်စုတတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။