The network connection is lost.

Banner Image

ပေါင်သန်း ၁၀၀ တန်တိုနာလီအတွက် နယူးကာဆယ်နဲ့ဆွေးနွေးမှုကို စတင်လိုက်တဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းဟာ ကြီးမားတဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုအဖြစ် တိုနာလီကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပေမဲ့ သူတို့ရဲ့ကနဦးကမ်းလှမ်းမှုကတော့ ငှက်ကျားတွေ သတ်မှတ်ထားတဲ့စျေးနှုန်းထက် လျော့နည်းနေပါတယ်။

Sky Sport ရဲ့ ဖော်ပြချက်အရ မြောက်လန်ဒန်ကလပ်တော့တင်ဟမ်က အီတာလျံလက်ရွေးစင်ကစားသမားကို ကာလရှည်စိတ်ဝင်စားခဲ့တဲ့ နည်းပြဒီဇာဘီအတွက် ထိပ်တန်းအားဖြည့်မှုတစ်ခုအဖြစ် ခေါ်ယူလိုနေပြီး ပေါင် ၇၅ သန်းမှ သန်း ၈၀ အကြားတန်ကြေးရှိတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတို့ကလည်း ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေကြလို့ ပြိုင်ဆို်ငမှု ပိုမိုပြင်းထန်လာနိုင်ပါတယ်။

တော့တင်ဟမ်အသင်းကတော့ တိုနာလီရဲ့ကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ် ပြုလုပ်ထားပြီးဖြစ်ပေမဲ့ နယူးကာဆယ်အသင်းဆီတော့ လက်ရှိအချိန်အထိ တရားဝင်မကမ်းလှမ်းရသေးပါဘူး။

ဒါပေမဲ့ နယူးကာဆယ်ဘက်ကတော့ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်အတွက် ပေါင် သန်း ၁၀၀ ဝန်းကျင်အထိ လိုချင်နေလို့ အပြောင်းအရွှေ့ဖိအားတွေကို တင်းခံထားဆဲ ဖြစ်ပါတယ်။

ကစားသမားနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေလို့ နယူးကာဆယ်အတွက် ဆွေးနွေးမှုတွေမှာ အသာစီးရရှိနေနိုင်ပြီး သတ်မှတ်နှုန်းထားမရရှိရင်တော့ ရောင်းချသွားမယ့်ပုံစံမျိုး မတွေ့ရပါဘူး။