တောင်ကိုရီးယားကိုအနိုင်ယူကာ ရှုံးထွက်အဆင့်တက်လှမ်းသွားတဲ့ အိမ်ရှင်မက္ကဆီကို
မက္ကဆီကို ၁-၀ တောင်ကိုရီးယား (ပွဲပြီးရလဒ်)
အိမ်ကွင်းပရိသတ်ရှေ့မှောက်ကစားရတဲ့ အိမ်ရှင်မက္ကဆီကိုက အုပ်စုတွင်းအားအကောင်းဆုံးဖြစ်နေတဲ့ ပြိုင်ဘက်တောင်ကိုရီးယားကို အနိုင်ယူကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပွဲချိန်မိနစ် ၅၀ မှာ တောင်ကိုရီးယားအသင်းဂိုးသမားကင်ဆောင်ဂျူရဲ့အမှားမှတဆင့် ကွင်းလယ်လူရိုမိုက သွင်းယူခဲ့ပါတယ်။ တဖက်မှာလည်း တောင်ကိုရီးယားအသင်းရဲ့ချေပဂိုးရရှိရေးကြိုးပမ်းမှုအချို့ ရှိခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။