အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်၊ ဒုတိယပို်ငးစွမ်းဆောင်ရည်အပေါ် ကျေနပ်အားရနေတဲ့ ဘယ်လင်ဟမ်
ဘယ်လင်ဂမ်က ခရိုအေးရှားကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ရဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်ကို အနာဂတ်အင်္ဂလန်အသင်းပွဲစဉ်တွေအတွက် စံချိန်စံညွှန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။
အခုပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့ပထမသွင်းဂိုးနှစ်ဂိုး ရရှိခဲ့ပေမဲ့ ပြိုင်ဘက်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျနေခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာ ဘယ်လင်ဟမ်က ဦးဆောင်ဂိုး၊ လူစားဝင်တိုက်စစ်မှူးရက်ရှ်ဖို့က အပိတ်ဂိုးတို့ကို သွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကွင်းလယ်လူကတော့ ကမ္ဘာ့ဖလားပြင်ဆင်မှုအပိုင်းမှာ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် ပြိုင်ပွဲကြီးတွေမှာ ခြေစွမ်းပြသနိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျောနံပါတ် ၁၀ ပါဂျာစီ၊ အသင်းရဲ့အမှတ်တံဆိပ်တို့ကို ဝတ်ဆင်ပြီး ကွင်းတွင်းမှာ ခြေချလိုက်ပြီဆိုကတည်းက ကျွန်တော့်မှာ အသင်းနဲ့ နိုင်ငံအတွက် အစွမ်းရှိသမျှပေးဆပ်ကစားဖို့ဆိုတဲ့ တာဝန်ရှိလာပါတယ်"လို့ သူက ဆိုပါတယ်။
"ကျွန်တော်ကတော့ အသင်းအတွက် ဘောလုံးပို်ငဆိုင်ထားချိန်မှာဖြစ်ဖြစ်၊ ဘောလုံးမရှိချိန်မှာပဲဖြစ်ဖြစ် အရာအားလုံးကို ပေးဆပ်ကစားသွားချင်ပါတယ်"
"ကျွန်တော့်အတွက် တကယ်ကိုရှည်လျားတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းစခန်းသွင်းလေ့ကျင့်မှုတွေအပါအဝင် ပွဲစဉ်တွေကို ကျွန်တော်ဖြစ်ချင်တာထက်ပိုပြီး လွဲချော်ခဲ့ရပေမဲ့ ဒီလိုအချိန်မျိုး ရောက်လာတိုင်း ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည်ယူဆောင်ပြီး အသင်းဖော်တွေအတွက် ပိုမိုကြိုးစားသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်"လို့ ဘယ်လင်ဟမ်က ဆက်ပြောပါတယ်။
ပွဲစဉ်အပြီး ဟယ်ရီကိန်းက နိုင်ပွဲအတွက် သောမတ်စ်တူချယ်ရဲ့ပွဲရပ်နားချိန်အကြုံပြုချက်တွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဘယ်လင်ဟမ်ကလည်း သူတို့အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်ကြောင့် ကြီးမားတဲ့ခွန်အားတွေ ရရှိခဲ့တယ်လို့ ယုံကြည်နေပါတယ်။
"ရိုးရိုးသားသားပြောရရင် ဒုတိယပိုင်းစွမ်းဆောင်ရည်က တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။ "ဘောလုံးမရှိချိန်မှာ အဆက်မပြတ်ဖိအားပေးကစားပုံက အမြင့်ဆုံးအဆင့်ဖြစ်ခဲ့သလို လူစားဝင်လာတဲ့ ကစားသမားတွေလည်း မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်၊ ရိုဂျာစ်၊ ဆာကာ တို့က နာကျင်အချိန်ပိုနောက်ဆုံးမိနစ်အထိ ပြိုင်ဘက်ကို အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ကြပါတယ်"
"ဒါက ကျွန်တော်တို့အသင်းအတွက် ဖန်တီးချင်တဲ့ စိတ်ဓာတ်မျိုးဖြစ်ပြီး ဒီနေ့မှာ ကျွန်တော်တို့တွေ ရည်မှန်းချက် ပြည့်ဝခဲ့ပါတယ်" လို့ ဆိုပါတယ်။