The network connection is lost.

Banner Image

ဆီနီဂေါကို အနိုင်ယူကာ ကမ္ဘာ့ဖလားခရီးစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့တဲ့ ပြင်သစ်

ပြင်သစ် ၃-၁ ဆီနီဂေါ (ပွဲပြီးရလဒ်)

အုပ်စု(I)ရဲ့အဖွင့်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ ဆီနီဂေါတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ နည်းဗျူဟာပိုင်းယှဉ်ပြိုင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း နှစ်ဖက်အသင်းကစားသမားတွေ အပြန်အလှန်သွေးတိုးစမ်းကစားနေခဲ့လို့ သွင်းဂိုးတွေကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ပြင်သစ်အတွက် အမ်ဘာပေနဲ့ လူစားဝင်ကစားသမားဘာကိုလာတို့က ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမားအမ်ဘာယီက ဆီနီဂေါအတွက် ဗွေဆော်ဦးချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ စက္ကန့်ပိုင်းအကြာမှာပဲ ပြင်သစ်က အမ်ဘာပေရဲ့ကောင်းမွန်လှတဲ့အဝေးကန်ချက်နဲ့အတူ အပိတ်ဂိုးရရှိပြီး ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ရဲ့အနိုင်သုံးမှတ်အပြည့်ကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။