The network connection is lost.

Banner Image

အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်သုံးမှတ်အပြည့်ရယူခဲ့တဲ့ ပူးတွဲအိမ်ရှင်မက္ကဆီကို

မက္ကဆီကို ၂-၀ တောင်အာဖရိက (ပွဲပြီးရလဒ်)

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့အဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုမြေမှာကစားခဲ့တဲ့ပွဲစဉ်မှာ ပူးတွဲအိမ်ရှင်တွေက ကွင်းလုံးပြည့်လျှံလာရောက်အားပေးတဲ့ ပရိသတ်တွေရဲ့ရှေ့မှောက်မှာ အကောင်းဆုံးပုံစံချပြနိုင်ခဲ့ပြီး ပြိုင်ဘက်တောင်အာဖရိကအသင်းကို ပြတ်ပြတ်သားသားအနိုင်ယူခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းပွဲချိန်အစောပိုင်းမှာ ကွီနိုနက်စ်၊ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ဂျီမင်နက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ပွဲကစားချိန်အတွင်း တောင်အာဖရိကကစားသမားနှစ်ဦးနဲ့ မက္ကဆီကိုကစားသမားတစ်ဦးတို့ကို ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ဆမ်ပိုင်အိုရဲ့ဆုံးဖြတ်ချက်တွေကလည်း အတော်လေးအံ့အားသင့်စရာကောင်းခဲ့ပါတယ်။