The network connection is lost.

Banner Image

ကိုဗင်ထရီကို အနိုင်ရရှိပြီးနောက် မန်စီးတီးကစားသမားသစ်တွေကို ဟာလန်း ချီးကျူး

ယမန်နေ့ညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကိုဗင်ထရီကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဟာလန်းက မန်စီးတီးကစားသမားသစ်တွေဖြစ်တဲ့ အန်ဇိုဖာနန်ဒက်ဇ်နဲ့ အန်ဒီယာရီတို့ကို အထူးချီးကျူးခဲ့ပါတယ်။

အခုပွဲစဉ်မှာ မန်စီးတီးအတတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဟာလန်းကိုယ်တိုင် သွင်းယူပေးခဲ့ပြီး ရာသီအဖွင့်သုံးပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

မကြာသေးမီကာလတွေအတွင်း အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကမဏ္ဍိုင်ဖြစ်ခဲ့ကြတဲ့ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဂျွန်စတုန်းစ်တို့အားလုံး အသင်းမှထွက်ခွာသွားကြလို့ ကလပ်အသင်းအတွက် အပြောင်းအရွှေ့စျေးကွက်အတွင်း အလုပ်များခဲ့တဲ့ နွေရာသီကာလတစ်ခု ဖြစ်ခဲ့ပါတယ်။

မန်စီးတီးကလည်း ဒီကစားသမားတွေရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ငွေကြေးအမြောက်အများ သုံးစွဲခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်အတွက် ချဲလ်ဆီးဆီ ပေါင် ၁၂၅ သန်း၊ အန်ဒီယာရီအတွက် အဲဗာတန်ဆီ ပေါင် ၆၅ သန်း ပေးချေခဲ့ရပါတယ်။

ဒီကစားသမားနှစ်ဦးလုံးက ကိုဗင်ထရီနဲ့ပွဲစဉ်မှာ ကလပ်အသင်းသစ်အတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ကြပြီး အဓိကတိုက်စစ်မှူးဟာလန်းရဲ့ချီးကျူးမှုကိုလည်း ရရှိခဲ့ကြပါတယ်။

ပွဲစဉ်အပြီး ကလပ်အသင်းရဲ့တရားဝင်မီဒီယာနဲ့တွေ့ဆုံချိန် ဟာလန်းက "ကျွန်တော် ထင်ပါတယ်၊ သူတို့နှစ်ဦးလုံး အလွန်ကောင်းမွန်တဲ့ ပွဲစဉ်ကို ကစားနိုင်ခဲ့ကြပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်က ပွဲဆီဝင်ရောက်လာပြီး သွင်းဂိုးအတွက် အကောင်းဆုံးကူညီပေးခဲ့သလို အလွန်ကောင်းမွန်တဲ့ အခွင့်အရေးအချို့လည်း ရရှိခဲ့ပါတယ်။ သူ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အန်ဒီယာရီလည်း သူ့ရဲ့အရည်အသွေးကို ချက်ချင်းပြသနိုင်ခဲ့လို့ အားလုံး မြင်တွေ့ခဲ့ရပါတယ်။

ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး သူ့ရဲ့ဘောလုံးဆွဲပြေးပုံက တကယ့်ကို အဆင်ပြေလှပါတယ်။ ဒါကို မြင်တွေ့ရတာ အံ့ဩစရာ ကောင်းပါတယ်။ သူတို့မှာ ဒီလိုအရည်အသွေးတွေ ရှိနေကြလို့ သူတို့ကို ခေါ်ယူခဲ့တာပါ။ 

သူတို့အတွက်တော့ တတ်နိုင်သမျှ အမြန်ဆုံး အသင်းနဲ့အသားကျဖို့နဲ့ ပုံစံကောင်းရရှိဖို့ပဲ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။