The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမတိုင်ခင်ခြေစမ်းပွဲတွေမှာ နည်းဗျူဟာပိုင်းတွေကို တူချယ် ချပြလို့မရဘူးလို့ အလန်ရှီးယားဆို

ပရီးမီးယားလိဂ်ဂန္ထဝင်အလန်ရှီးယားဟာ နယူးဇီလန်၊ ကော်စတာရီကာတို့နဲ့ ကစားမယ့် အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲစဉ်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

အင်္ဂလန်ကစားသမားတွေထဲမှာ ဒဏ်ရာရရှိထားသူ တစ်ဦးမှမရှိဘဲ တူချယ်ရဲ့အသင်းက ကစားသမားအစုံအလင်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဦးတည်နေပါတယ်။

အင်္ဂလန်အသင်းက လာမယ့် ၁၁ ရက်အတွင်း ခရိုအေးရှားနဲ့ရင်ဆိုင်ရမယ့် ပထမဆုံး ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် နယူးဇီလန်၊ ကိုစတာရီကာတို့နဲ့ ခြေစမ်းပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ရှိပြီး ပရိသတ်တွေကိုယ်တိုင်လည်း အသင်းကို ပြိုင်ပွဲမစတင်မီ ကြံ့ခိုင်မှု အပြည့်အဝရှိနေစေဖို့ မျှော်လင့်နေကြပါတယ်။

အလန်ရှီးယားကတော့ အခုနွေရာသီပြိုင်ပွဲကြီးမတိုင်ခင် စိုးရိမ်ရမယ့်အချက်နှစ်ခုကြောင့် သတိထားပေးဖို့ တူချယ်ဆီ သတင်းစကားပါးခဲ့ပါတယ်။

"ကျွန်တော်ကိုယ်တိုင်လည်း ယူရိုနဲ့ ကမ္ဘာ့ဖလားတွေ မတိုင်ခင် ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အစွမ်းကုန်ပေးဆပ်ကစားချင်ကြသလိုပဲ ပြိုင်ပွဲစတင်ချိန်မှာ ကြံ့ခိုင်မှု အပြည့်ရှိဖို့လည်း သတိထားရပါသေးတယ်။ ဒဏ်ရာရရှိမှုက ကစားသမားတစ်ဦးအတွက် နောက်ဆုံးမှ ကြုံတွေ့ချင်တဲ့ အရာဖြစ်ပြီး အထူးသဖြင့် အဓိကကစားသမားတွေအတွက် ပိုလို့တောင် ဆိုးရွားလို့ နည်းပြကိုယ်တိုင် ဒါကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့ သေချာပေါက်ပြောနိုင်တာတစ်ခုကတော့ စနေနေ့မှာ ပွဲထွက်မယ့် ၁၁ ဦးက ခရိုအေးရှားနဲ့ပွဲမှာ ပွဲထွက်လာမယ့်သူတွေ မဖြစ်နိုင်ပါဘူး။ လူစားဝင်မယ့်သူတွေကလည်း မတူညီနိုင်ပါဘူး။ ဒီခြေစမ်းပွဲနှစ်ခုလုံးမှာ ကစားသမားတွေကို ရောနှောအသုံးပြုသွားမယ်လို့ ကျွန်တော် ထင်သလို ဒါ မှန်ကန်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ရပါလိမ့်မယ်။ ကျွန်တော်ပြောခဲ့သလိုပဲ နည်းပြက ဒီခြေစမ်းပွဲတွေမှာ သူ့ရဲ့ နည်းဗျူဟာအစစ်အမှန်တွေကို အများကြီးချပြချင်မှာ မဟုတ်ပါဘူး"

"ရာသီဥတုအခြေအနေ၊ ပွဲစဉ်အရေအတွက်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာတွေကြောင့် ကစားသမားအများစုကို အလှည့်ကျအသုံးပြုသွားဖို့ လိုအပ်တယ်လို့ ခင်ဗျား ပြောနိုင်ပါတယ်။ ဒါတွေအားလုံးက နည်းပြရဲ့ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် လွှမ်းမိုးနေပါလိမ့်မယ်"လို့ ဆက်ပြောခဲ့ပါတယ်။

ဒီကလန်ရိုက်စ်၊ ဆာကာ၊ မာဒူကီနဲ့ အီဇီတို့က ချန်ပီယံလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ကစားပြီးနောက် ပြိုင်ပွဲမစတင်မီ အနားယူဖို့ အချိန်ပိုရရှိထားကြပါတယ်။