The network connection is lost.

Banner Image

ပါးမားအသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တဲ့ အာတီတာရဲ့တပည့်ကားလို့စ်ကွီစတာ

ကားလို့စ်ကွီစတာက လတ်တလောမှာ အခြားဥရောပကလပ်အသင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အီတာလျံကလပ်ပါးမားအသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ်ကွီစတာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပါးမားအသင်းကို ကိုင်တွယ်ဖို့အတွက် အာတီတာရဲ့ အာဆင်နယ်နည်းပြအဖွဲ့ဝင်ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ အသက်အငယ်ဆုံး နည်းပြဖြစ်လာခဲ့ပါတယ်။

ကွီစတာက သူ့ရဲ့ပထမဆုံးရာသီမှာ ပါးမားအသင်းကို အဆင့်-၁၃ နေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီနဲ့နှိုင်းယှဉ်ရင် သုံးဆင့်ပိုမိုမြင့်တက်လာအောင် အထင်ကြီးလောက်စရာ စွမ်းဆောင်ပြခဲ့ပါတယ်။

သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အမည်မဖော်ပြလိုတဲ့ အခြားဥရောပကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု ရှိနေပေမဲ့ ဒီစပိန်လူမျိုးနည်းပြက အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ သိရပါတယ်။

ပါးမားအသင်းက ကွီစတာကို အသင်းမှာရေရှည်ဆက်ရှိနေစေဖို့အတွက် တရားဝင်စာချုပ်သစ်တစ်ခု ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။