The network connection is lost.

Banner Image

လီဗာပူးဆီ စိတ်လှုပ်ရှားစရာတိုက်စစ်ကစားဟန်ကို အီရာအိုလာယူဆောင်လာနိုင်တယ်လို့ တောင်ဆန်ပြောကြား

ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတောင်ဆန်က လီဗာပူးအသင်နည်းပြသစ်အဖြစ် အာရီယိုလာ တာဝန်ယူမှုအပေါ် မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ အခုသီတင်းပတ်အတွင်း နှစ်ဖက်သဘောတူညီမှုရရှိပြီးနောက် လီဗာပူးနည်းပြသစ်အဖြစ် အာရီယိုလာဖြစ်လာတော့မယ်လို့ သိရပါတယ်။

အစောပိုင်းမှာ အန်းစလော့ကို ရာထူးမှထုတ်ပယ်ပြီးနောက် လီဗာပူးအသင်းဘုတ်အဖွဲ့က ဒတ်ချ်လူမျိုးနည်းပြနေရာကို အစားထိုးဖို့အတွက် အီရာအိုလာမှလွဲပြီး အခြားသူဆီ အာရုံမစိုက်ခဲ့ကြပါဘူး။

အီရီအိုလာကိုယ်တိုင်လည်း အန်ဖီးလ်မြေဆီ မကြာခင်ရောက်ရှိလာဖွယ်ရှိပြီး အခုအပြောင်းအလဲကြောင့် လီဗာပူးအသင်းကို နည်းပြဟောင်းယာဂန်ကလော့ပ်လက်ထက် အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ပုံစံဟောင်းဆီ ပြန်လည်ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ တောင်ဆန်က ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အမြင်အရ အီရာအိုလာက ထူးချွန်တဲ့နည်းပြတစ်ဦး ဖြစ်လာပါလိမ့်မယ်။ ရာသီဝက်နီးပါးရှုံးပွဲမရှိ ကစားနိုင်ခဲ့တယ်ဆိုတာ အံ့ဩစရာပါပဲ"

"ပုဂ္ဂိုလ်ရေးအမြင်အရလည်း အီရာအိုလာနဲ့ အလွန်ဆိုတို့ နှစ်ဦးအနက် အီရာအိုလာက ပရီးမီးယားလိဂ်အတွေ့အကြုံရှိထားလို့ အလွန်ဆိုထက် အနည်းငယ်သာလွန်ပါတယ်။ အီရာအိုလာကို ခန့်အပ်မှုက ဆုံးဖြတ်ချက်ကောင်းတစ်ခု၊ တကယ့်ကိုကောင်းမွန်လှတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်"

"သူကိုင်တွယ်ခဲ့တဲ့ ဘုန်းမောက်အသင်းရဲ့ကစားပုံကို ကြည့်ရတာ တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းပါတယ်။ ဘုန်းမောက်ဆီ ရောက်လာပြီး မအောင်မြင်ခဲ့တဲ့ ကစားသမားရယ်လို့ ကျွန်တော် သိပ်မမှတ်မိပါဘူး။ သူတို့ရဲ့ကစားပုံက ကောင်းမွန်ပြီး စိတ်လှုပ်ရှားစရာဖွယ် တိုက်စစ်ကစားဟန် ဖြစ်ပါတယ်"

"သူတို့က ကောင်းမွန်တဲ့နည်းစနစ်ပိုင်းအရည်အချင်း၊ ကောင်းမွန်တဲ့နားလည်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းမှုတွေအပေါ် အခြေခံပြီး ကစားကြတဲ့ပုံစံမျိုး ဖြစ်ပါတယ်"လို့ တောင်ဆန်က ပြောပါတယ်။

လီဗာပူးအသင်းက ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံဆီ ထွက်ခွာဖို့ရှိနေပြီး ဒီခရီးစဉ်မှာ ဆန်းဒါးလန်း(ဇူလိုင် ၂၅)၊ ၀ရက်ဇ်ဟမ်း (ဇူလိုင် ၃၀)၊ လိဒ်(ဩဂုတ် ၂) တို့နဲ့ ခြေစမ်းပွဲကစားသွားပါမယ်။