The network connection is lost.

Banner Image

မက်ဆီကိုယ်တိုင် ဆန္ဒရှိသရွေ့ ဘောလုံးဆက်ကစားသွားနိုင်ပါတယ်လို့ ပြောကြားလိုက်တဲ့ အာဂျင်တီးနားနည်းပြစကာလိုနီ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀နဲ့ပတ်သက်လို့ မက်ဆီကိုယ်တိုင်ဆုံးဖြတ်သွားပါလိမ့်မယ်လို့ အာဂျင်တီးနားအသင်းနည်းပြစကာလိုနီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အင်တာမီယာမီအသင်းကြယ်ပွင့်ကစားသမားမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်စေတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအားကောင်းမှုတွေ ရှိနေဆဲပါပဲလို့ စကာလိုနီက ဆိုပါတယ်။

Diario Olé သတင်းဌာနနဲ့အင်တာဗျူးမှာ စကာလိုနီက မကြာခင်ကာလအတွင်း နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ကို မက်ဆီ စွန့်လွှတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်နေမှုတွေနဲ့ပတ်သက်လို့ ပယ်ချလိုက်ပြီး ဘာစီလိုနာဂန္ထဝင်ကစားသမားကိုယ်တိုင် အနာဂတ်အပေါ် အပြည့်အ၀ဆုံးဖြတ်နိုင်စွမ်း ရှိနေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

"သူ့ရဲ့စွမ်းဆောင်ရည် ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ သိထားပြီးဖြစ်သလို သူရဲ့ဆဋ္ဌမမြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားမယ်ဆိုရင်လည်း အံ့သြစရာမရှိပါဘူး။ ဒါကြောင့် သူကိုယ်တိုင်ဆန္ဒရှိသရွေ့ ဘောလုံးဆက်ကစားသွားပါလိမ့်မယ်" လို့ စကာလိုနီက ပြောကြားခဲ့ပါတယ်။

"သူက ပိုကောင်းတဲ့အရာတွေကို အမြဲတမ်းလိုချင်နေပြီး အဲဒီလိုဆန္ဒမျိုးကိုလည်း အမြဲတမ်းပြသထားနိုင်လို့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ဆက်ရှိနေတာပါ" လို့ ဆိုပါတယ်။