The network connection is lost.

Banner Image

စပိန်နိုင်ငံဆီ ပြန်သွားလိုတဲ့ ဆန္ဒရှိတယ်လို့ ဝန်ခံလာတဲ့ လေဗာကူဆင်ကြယ်ပွင့် ဂရီမယ်လ်ဒို

လေဗာကူဆင်ခံစစ်အစွန်လူဂရီမယ်လ်ဒိုက စပိန်နိုင်ငံဘောလုံးရပ်ဝန်းဆီ သွားရောက်ကစားဖို့ အိပ်မက်ထားဆဲပဲလို့ ဝန်ခံပြောကြားခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းပြောဆိုမှုတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ကစာသမားဘ၀သက်တမ်းတလျှောက် ပထမဆုံးအကြိမ်ဆင်နွှဲခွင့်ရရှိထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အသက် ၃၀ နှစ်အရွယ်နောက်ခံလူက လာလီဂါဆီ ပြောင်းရွှေ့ကစားဖို့ဆိုတာ သူ့ရဲ့အဓိကရည်မှန်းချက်တွေအနက် တစ်ခုအဖြစ် ရှိနေဆဲပဲလို့ ဖွင့်ဟခဲ့ပါတယ်။

"ပရော်ဖက်ရှင်နယ်ဘောလုံးလောကထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ကောလာဟလတွေ အမြဲထွက်ပေါ်နေလေ့ရှိတာကို ကျင့်သားရနေပါပြီ" လို့ သူက ဆိုပါတယ်။

"ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ လာလီဂါဆီ ပြန်သွားချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ပန်းတိုင်များစွာအနက် တစ်ခုဖြစ်ပါတ်ယ။ အခု လေဗာကူဆင်မှာလည်း ကျွန်တော် အရမ်းပျော်နေပါတယ်။ ဒါပေမဲ့ လာလီဂါဆီ ပြန်သွားဖို့လည်း အမြဲပြောခဲ့ပြီး တချိန်ချိန်တော့ သေချာပေါက်ပြန်သွားပါမယ်"လို့ ဂရီမယ်လ်ဒိုက ရှင်းပြပါတယ်။

ဂရီမယ်လ်ဒိုရဲ့အခုလိုပြောကြားချက်တွေကြောင့် နာမည်ကျော်လာမာစီယာအကယ်ဒမီမှာ ဖြတ်သန်းခဲ့ဖူးတဲ့ ငယ်ဘ၀အတွေ့အကြုံအချို့နဲ့အတူ ဘာစီလိုနာနဲ့ပြန်လက်တွဲမယ့်သတင်းတွေ ထွက်ပေါ်လာစေဖို့ အလားအလာ ရှိနေပြန်ပါတယ်။

သူဟာ ဘွန်ဒက်စ်လီဂါချန်ပီယံအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ စပိန်နိုင်ငံဆီ ပြန်ချင်တယ်လို့ ထပ်ဖန်တလဲလဲ ပြောကြားနေမှုတွေကြောင့် လေဗာကူဆင်အသင်းအတွက်တော့ အဓိကကစားသမားတစ်ဦးကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းရာမှာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။