The network connection is lost.

Banner Image

ဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့ခဲ့ပြီးနောက် ဘင်ဖီကာဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗား

မာကိုဆေးလ်ဗားက ဖူလ်ဟမ်အသင်းမှ ထွက်ခွာကာ ဘင်ဖီကာအသင်းမှာ ဟိုဆေးမော်ရင်ဟိုရဲ့ နေရာကို အစားထိုးဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ 

ဘင်ဖီကာအသင်းဆီရောက်ရှိတာ တစ်နှစ်တောင် မပြည့်သေးတဲ့ မော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေလို့ ပေါ်တူဂီကလပ်အသင်းဘက်က နည်းပြသစ်တစ်ဦး ရှာဖွေနေတာပါ။

သတင်းထောက်ဘန်ဂျက်ကော့ဘ်ရဲ့အဆိုအရ ပေါ်တူဂီထိပ်သီးကလပ်ဘင်ဖီကာရဲ့ဥက္ကဋ္ဌရူအီကော်စတာနဲ့ နည်းပြဆေးလ်ဗားတို့ရဲ့ ‘အပြုသဘောဆောင်တဲ့’ တွေ့ဆုံမှုအပြီး အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ ပိုမိုနီးစပ်လာခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၄၈ နှစ်အရွယ်မာကိုဆေးလ်ဗားက လာမယ့်လမှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ရှိနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ ငါးနှစ်ကြာလက်တွဲမှုကို အဆုံးသတ်ကာ ထွက်ခွာသွားပါတော့မယ်။

ဖူလ်ဟမ်အသင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကို အမှတ်ပေးဇယား အဆင့် ၁၁ နဲ့ အဆုံးသတ်ခဲ့ပြီး အနောက်လန်ဒန်ပြိုင်ဘက်ချဲလ်ဆီးအသင်းနဲ့ ရမှတ် ၅၂ မှတ်ချင်း တူညီခဲ့သလို ဥရောပဝင်ခွင့်နေရာနဲ့လည်း ၁ မှတ်သာ ကွာဟခဲ့ပါတယ်။