မာကိုဆေးလ်ဗားနေရာ အစားထိုးဖို့ နည်းပြ ၃ ဦးအထိ လျာထားတဲ့ ဖူလ်ဟမ်
ပေါ်တူဂီကလပ် ဘင်ဖီကာကို ပြောင်းတော့မယ့် နည်းပြ မာကိုဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဖို့အတွက် ဖူလ်ဟမ် အသင်းက နည်းပြသစ် ရှာပုံတော်ဖွင့်နေပြီး အခုဆို စကာတင် ၃ ယောက်စာရင်း ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၄၈ နှစ်အရွယ် မာကိုဆေးလ်ဗားကတော့ ဒီရာသီအကုန်မှာ ဖူလ်ဟမ် ကနေ ထွက်ခွာမှာ သေချာသလောက် ရှိနေပြီး၊ ဘင်ဖီကာအသင်းမှာ ဂျိုဆေးမော်ရင်ဟိုရဲ့နေရာကို ဆက်ခံဖို့ သဘောတူညီမှု ရပြီးသားလို့လည်း သိရပါတယ်။
The Standard ရဲ့ အဆိုအရ ဖူလ်ဟမ်ဘုတ်အဖွဲ့က နည်းပြအသစ်ကို အမြန်ဆုံး အခြေချချင်နေတာပါ။ လောလောဆယ် အစ်ဆွစ်ချ် နည်းပြ ကီရင်မက်ကင်နာက ရေပန်းအစားဆုံး ဖြစ်နေသလို၊ အိုလီဗာဂလက်စနာကိုလည်း သူတို့ စိတ်ဝင်စားနေပါတယ်။
ဒါပေမဲ့ Fulham တို့က ပိုက်ကွန်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ထားချင်တဲ့အတွက် အခုနောက်ဆုံးမှာတော့ အန်းစလော့၊ သောမတ်စ်ဖရန့်ခ် နဲ့ လီယမ်ရိုဆင်နီယာ ( တို့ ၃ ယောက်ကိုပါ သူတို့ရဲ့ စကာတင်စာရင်းထဲ ထပ်တိုးပြီး မျက်စိကျနေတယ်လို့သိရပါတယ်။