The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် မက်ဆီကို ကြောက်ရွံ့နေတယ်လို့ အရိပ်အမြွက်ပြောကြားလာတဲ့ ဗင်နီစီးယက်စ်

လီယွန်နယ်မက်ဆီရှိနေလို့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုထပ်မံရယူနိုင်ဖို့ အလားအလာအကောင်းဆုံးဖြစ်နေတယ်လို့ ဗင်နီးစီးယက်စ်က ဝန်ခံပြောကြားလိုက်ပါတယ်။

မက်ဆီရဲ့ဖန်တီးနိုင်စွမ်းက မြောက်အမေရိကမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားအသင်းအတွက် ချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ နောက်ထပ်အားသာချက် ဖြစ်စေလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးက ယုံကြည်နေပါတယ်။

ဘရာဇီးနဲ့ အာဂျင်တီးနားတို့အကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပေမဲ့ ဗင်နီစီးယက်စ်က စကာလိုနီရဲ့ အသင်းကို ချီးကျူးဖို့ ဝန်မလေးခဲ့ပါဘူး။ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပမယ့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံကိုလည်း သူက အသိအမှတ်ပြုခဲ့ပါတယ်။

ဗင်နီစီးယက်စ်က "ကျွန်တော်လည်း အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်ခုအဖြစ် ရွေးချယ်ပါမယ်။ သူတို့က နောက်ဆုံးကျင်းပခဲ့တဲ့ပြိုင်ပွဲရဲ့ ချန်ပီယံတွေ ဖြစ်သလို သူတို့ဆီမှာ မက်ဆီလည်းရှိနေလို့ ယုံကြည်မှုလည်း အပြည့်အ၀ရှိနေပြန်ပါတယ်" လို့ Caze TV ဆီ ပြောကြားခဲ့ပါတယ်။