The network connection is lost.

Banner Image

လီဗာပူးကို အနိုင်ရရှိပြီးနောက် မန်စီးတီးကိုယ်တိုင် သူတို့ရဲ့ကိုယ်ပိုင်အသံကို ဖန်တီးသွားရမယ်လို့ မာရက်စ်ကာ ပြောကြား

အန်ဖီးလ်ကွင်းမှာ လီဗာပူးကို ၀-၃ ဂိုးဖြင့် အနိုင်ယူပြီးနောက် အခုဘောလုံးရာသီမှာ မန်စီးတီးကိုယ်တိုင် သူတိုရဲ့ကိုယ်ပိုင်အသံကို ဖန်တီးသွားရမယ်လို့ အန်ဇိုမာရက်စ်ကာက ပြောကြားလိုက်ပါတယ်။

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် မန်စီးတီး အပြစ်ရှိတယ်လို့ နိုင်ငံတကာသီတင်းပတ်ကာလအတွင်း ပရီးမီးယားလိဂ်ရဲ့ကြေညာချက် ထွက်ပေါ်လာပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် မာရက်စ်ကာရဲ့အသင်းက လီဗာပူးနဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။

မန်စီးတီးအတွက် ဟာလန်း၊ ဒိုကူ၊ ချာကီတို့ရဲ့သွင်းဂိုးတွေက အဝေးကွင်းသုံးမှတ်အပြည့်ရရှိဖို့ သေချာစေခဲ့ပြီး ပြင်ပဆူညံသံတွေကို မန်စီးတီးအသင်း ဘယ်လိုပိတ်ပင်ဖယ်ထုတ်သွားမလဲဆိုတဲ့ မေးခွန်းတစ်ခုလည်း မာရက်စ်ကာဆီ ရောက်ရှိလာပါတယ်။

"ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်သုံးပတ်တာကာလအပြီး ကစားသမားတွေအတွက် လွယ်ကူတဲ့အခြေအနေမျိုး မဖြစ်ခဲ့ပေမဲ့ ဒီအခြေအနေကို သူတို့တွေ အလန်ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ကြပါတယ်" လို့ သူက ပြောပါတယ်။ "ဒီအခြေအနေကြောင့် ပြင်ပဆူညံသံတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သင်ယူသွားဖို့ လိုအပ်တယ်လို့ အခုသီတင်းပတ်ထဲမှာ ကျွန်တော် ပြောခဲ့ပါတယ်"

"ဆူညံသံတွေဆိုတာ အမြဲတမ်းရှိနေလို့ အဲ့ဒါကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်တို့ သင်ယူသွားရပါမယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ပွဲစဉ်တွေကို အနိုင်ယူခြင်းဆိုတဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အသံကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားသွားရပါမယ်။ ဒါက ဒီနေ့မှာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာပါပဲ"

"ပွဲစဉ်အပြီး ကျွန်တော်တို့ရဲ့ပရိသတ်တွေ သီချင်းသီဆိုနေခဲ့ကြလို့ ဆူညံသံဆိုတာ ပတ်ဝန်းကျင်မှလာတာမျိုး မဟုတ်ဘဲ ကျွန်တော်တို့ဆီမှ လာတာပဲ ဖြစ်ပါတယ်။ အဝေးကွင်းပွဲစဉ်တိုင်းမှာ ဆူညံသံဆိုတာ ရှိနေပြီး ဒီဆူညံသံတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်တော်တို့ သင်ယူရပါမယ်။ ပြီးတော့ တချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့အသံကို ဖန်တီးရပါမယ်"

"ကျွန်တော်တို့ရဲ့အသံဆိုတာ ပွဲစဉ်အပြီး ကျွန်တော်တို့ပရိသတ်တွေရဲ့သီချင်းသံဖြစ်ပြီး ဒါကပဲ လတ်တလော ကျွန်တော်တို့ရဲ့ပစ်မှတ် ဖြစ်ရပါမယ်" လို့ ဆိုပါတယ်။

တကယ်လို့ မန်စီးတီးသာ ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် ဘောလုံးရာသီကုန်ဆုံးချိန်မှာ ဒီနိုင်ပွဲတွေဆိုတာ အဓိပ္ပါယ်မရှိသလို ဖြစ်သွားနိုင်လို့ အနိုင်ရရှိမှုအပေါ် ခံစားချက်အကြောင်း မေးမြန်းရာမှာ မာရက်စ်ကာက "ကျွန်တော် ဘယ်လောက်အထိ ပျော်ရွှင်နေသလဲဆိုတာကို ခင်ဗျားတို့ စိတ်ကူးကြည့်လို့တောင် မရနိုင်ပါဘူး"

"ကျွန်တော် ဂရုမစိုက်ပါဘူး... ကျွန်တော် ဒီကို ရောက်နေတယ်ဆိုတာ ပွဲစဉ်တွေအတွက် ပြင်ဆင်ဖို့နဲ့ ပွဲစဉ်တွေကို အနိုင်ရရှိဖို့အတွက်ပဲ ဖြစ်တာကြောင့် ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ရဲ့အယူခံအနိုင်ရရှိသွားမယ့်အချိန်ကျမှသာ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော် ပြောဆိုနိုင်မယ်ဆိုတာ အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ" လို့ ဆိုပါတယ်။