The network connection is lost.

Banner Image

ပေါင်သန်း ၁၀၀ တန် လူငယ်ကစားသမားအတွက် ချဲလ်ဆီးအသင်းရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ ဇာဗီအလွန်ဆို

နည်းဗျူဟာကျွမ်းကျင်တဲ့ နည်းပြ ဇာဗီအလွန်ဆို ရဲ့ ဦးဆောင်မှုနဲ့အတူ ချယ်လ်ဆီးအသင်းဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခေတ်သစ်တစ်ခုကို စတင်နေပြီဖြစ်ပြီး အဆိုပါ စပိန်လူမျိုးနည်းပြဟာ နွေရာသီအတွက် အစီအစဉ်တွေကိုလည်း အခုကတည်းက စတင်ရေးဆွဲနေပြီ ဖြစ်ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ အသင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ နီးစပ်နေပြီး ဇာဗီအလွန်ဆိုရဲ့ အဓိကဦးစားပေးကတော့ အလားအလာရှိတဲ့ လူငယ်လေးတွေကိုပဲ ခေါ်ယူနေတဲ့ ချယ်လ်ဆီးရဲ့ နည်းဗျူဟာကနေ ခွဲထွက်ပြီး အသင်းမှာ တိုက်ရိုက်အသုံးတည့်မယ့် အဆင်သင့်ကစားသမားတွေကို ခေါ်ယူဖို့ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အရင်က အသက် ၂၁ နှစ်နဲ့ အောက် ပြည်ပကစားသမားတွေကိုပဲ အဓိကထား ခေါ်ယူခဲ့တာကြောင့် အောင်မြင်မှု အနိမ့်အမြင့် အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ အခုအခါမှာတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသထားနိုင်ပြီးသား လူငယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ဘုန်းမောက်အသင်းမှာ စံချိန်တင် ခြေစွမ်းပြနေတဲ့ အီလီ ဂျူနီယာ ခရူပီရဲ့ အခြေအနေကို ဒီနွေရာသီမှာ အမြဲတစေ အသိပေးနေဖို့ ချယ်လ်ဆီးက လိုလားနေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်စီးတီးနဲ့ပွဲမှာ ခရူပီ သွင်းယူခဲ့တဲ့ ဂိုးဟာ ရော်ဘီဖောင်လာနဲ့ ရော်ဘီကိန်းတို့ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ လူငယ်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဒီပြင်သစ်လူငယ်လေးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေတဲ့ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိနေတာပါ။

ဒါပေမဲ့ ဒီကစားသမားကို ဘုန်းမောက်အသင်းရဲ့ ဗိုက်တယ်လ်လတီ အားကစားကွင်းကနေ ခေါ်ယူဖို့ ကြိုးစားမယ့် ဘယ်ကလပ်အသင်းမဆို အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းမောက်အသင်းက သူ့ကို "မရောင်းပါ" လို့ ကြေညာထားသလို သူ့ရဲ့တန်ဖိုးကိုလည်း ပေါင်သန်း ၁၀၀ အထိ ဈေးသတ်မှတ်ထားလို့ပဲ ဖြစ်ပါတယ်။