The network connection is lost.

Banner Image

မန်စီးတီးကွင်းလယ်ကစားသမားနီကိုဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား နီကိုဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

တိုနာလီနဲ့ ဂူမာယေးစ်တို့ တော့တင်ဟမ်နဲ့ အာဆင်နယ်ဆီ အသီးသီးထွက်ခွာသွားပြီးနောက် နည်းပြဂျေဆဲလ်ရဲ့အသင်းက ကွင်းလယ်ကစားသမားသစ်တစ်ဦးကို ရှာဖွေနေပါတယ်။

နယူးကာဆယ်အသင်းက ကွင်းလယ်ပိုင်းအတွက် လူငယ်ကစားသမားတွေဖြစ်တဲ့ ရှောင်စတူးဝါးနဲ့ ဘမ်ဘာတို့ကို ခေါ်ယူထားပေမဲ့ ချက်ချင်းအသုံးပြုနိုင်မယ့်ကစားသမားမျိုးကိုလည်း ထပ်မံရှာဖွေနေပါတယ်။

ဒေးဗစ်အော်စတိန်းရဲ့အဆိုအရ ငှက်ကျားတွေက အသက် ၂၄ နှစ်အရွယ် နီကိုဂွန်ဇာလက်ဇ်အတွက် မန်စီးတီးနဲ့ အကြိုညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

နယူးကာဆယ်အသင်းအတွက် ကွင်းလယ်ပိုင်းပြန်လည်တည်ဆောက်ဖို့ကိစ္စမှာ အခြားရွေးချယ်စရာကစားသမားတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

စပိန်လူမျိုးကစားသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ မန်စီးတီးအတွက် ၄၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပေမဲ့ ဇန်နဝါရီလနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ နှစ်ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ နီကိုဂွန်ဇာလက်ဇ်ကတော့ ပွဲကစားခွင့်ရရှိမှုအပေါ် ပြဿနာမထားဘဲ အခုနွေရာသီအလွန်မှာလည်း အီတီဟတ်မှာပဲ ဆက်ရှိနေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူက "ကျွန်တော် ဒီမှာ ပျော်ပါတယ်။ အသင်းမှ မထွက်ခွာချင်သလို ကလပ်အသင်းကလည်း ကျွန်တော့်ကို ဆက်ရှိစေချင်တယ်လို့ ထင်ပါတယ်။ ဘာသတင်းမှလည်း မကြားမိပါဘူး၊ ကျွန်တော် ဒီမှာ တကယ် ပျော်နေပါတယ်" လို့ ဆိုပါတယ်။

"ပွဲစဉ်တိုင်းမှာ ပွဲထွက်ခွင့်နေရာရဖို့ ဘယ်သူ့အတွက်မှ ရာနှုန်းပြည့် အာမခံချက်မရှိဘူးလို့ ထင်ပါတယ်။ လူတိုင်း ကြိုးစားအားထုတ်ကြရပါတယ်။

ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်လို့ နေရာတိုင်းမှာ ပြိုင်ဆိုင်မှုတွေ ရှိနေတယ်ဆိုတာ ရှင်းပါတယ်။ ဒါကလည်း ကျွန်တော်တို့ကို ပရီးမီးယားလိဂ်ဖလားတွေ ဆွတ်ခူးနိုင်အောင်နဲ့ ပြိုင်ပွဲတိုင်းမှာ အစွမ်းကုန်ယှဉ်ပြိုင်နိုင်အောင် တွန်းအားပေးနေတဲ့ လက်ရှိအခြေအနေကို ဖန်တီးပေးထားပါတယ်" လို့ နီကိုဂွန်ဇာလက်ဇ်က ပြောပါတယ်။