The network connection is lost.

Banner Image

သရဲနီကြယ်ပွင့်ဟောင်းတာဟစ်ချောင် ဦးဆောင်လာတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကူရာကာအိုအသင်းရဲ့ သမိုင်းဝင်လူစာရင်း

ကျူရာဆောင်းဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သူတို့ရဲ့ပထမဆုံးသောကမ္ဘာ့ဖလားလူစာရင်းကို တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လူဦးရေ ၁၅၆,၀၀၀ ခန့်သာရှိပြီး ကုန်းမြေဧရိယာ ၁၇၁ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ ဒီကာရစ်ဘီယံနိုင်ငံငယ်လေးက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကူရာကာအိုအသင်းက ဂျမေကာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ကွန်ကာကပ်ဖ် (CONCACAF)ဇုန်ရဲ့ အုပ်စုထိပ်ဆုံးနေရာမှ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

၁၉၉၄ အမေရိကန်ကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်း၊ ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်းတို့ကို ဦးဆောင်ပေးခဲ့ဖူးတဲ့ ဒတ်ချ်ဝါရင့်နည်းပြကြီးအက်ဒ်ဗိုကတ်က ဖေဖော်ဝါရီလအတွင်း ရာထူးမှ ခေတ္တမျှ နုတ်ထွက်ခဲ့ဖူးပေမဲ့ အခုတော့ အသင်းကို ဦးဆောင်ပေးဖို့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

ဒါကြောင့် အသက် ၇၈ နှစ်အရွယ်ရှိအက်ဒ်ဗိုကတ်က ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အသက်အကြီးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်လာပါလိမ့်မယ်။ အခုထုတ်ပြန်လိုက်တဲ့ လူစာရင်းမှာ လက်ရှိချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်မှာ ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားဟောင်း တာဟစ်ချောင်လည်း ပါဝင်လာပါတယ်။

ကူရာကာအိုအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်း

ဂိုးသမားများ - တိုင်ရစ်ဘိုဒက် (SC Telstar)၊ ထရီဗာဒွန်ဘတ်ရှ် (VVV-Venlo)၊ အီလွိုင်းရွမ်း (Miami FC)

နောက်ခံလူများ - ရစ်ချတ်ဒ်လီ ဘာဇိုး (Konyaspor)၊ ဂျိုရှာဘရဲနက် (Kayserispor)၊ ရိုရှန် ဗန်အိုက်မာ (RKC Waalwijk)၊ ရှာရယ် ဖလော်ရာနပ်စ် (PEC Zwolle)၊ ဒီဗရွန် ဖွန်ဗီးလ် (NEC Nijmegen)၊ ဂျူရီယန် ဂါရီ (Abha Club)၊ အာမန်ဒို အိုဘစ်စပို (PSV Eindhoven)၊ ရှူရန်ဒီ ဆမ်ဘို (Sparta Rotterdam)

ကွင်းလယ်လူများ - ဂျူရင်ဟို ဘာကူနာ (FC Volendam)၊ လီယန်ဒရို ဘာကူနာ (Iğdır)၊ လီဗာနို ကိုမန်နန်စီယာ (FC Zürich)၊ ကီဗင် ဖီလီဒါ (FC Den Bosch)၊ အာဂျေနီ မာသာ (Rotherham United)၊ တိုင်ရီးစ် နော့စလင် (SC Telstar)၊ ဂေါ့ဖရိဒ် ရိုမာရတို (RKC Waalwijk)

တိုက်စစ်မှူးများ - ဂျယ်ရမီ အန်တိုနစ်ဆေး (AE Kifisia)၊ တာဟစ်ချောင် (ရှက်ဖီးယူနိုက်တက်)၊ ကင်ဂျီဂေါ်ရေး (Maccabi Haifa)၊ ဆွန်ဂျီဟန်ဆန် (Middlesbrough)၊ ဂါဗိန်း ကာစတာနီးယား (Terengganu FC)၊ ဘရန်ဒလေ ကူးဝပ်စ် (FC Volendam)၊ ဂျာဂန်လိုကာဒီယာ (Miami FC)၊ ဂျာရယ် မာဂါရီသာ (SK Beveren)