The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ်မှာ တစ်မှတ်စီ ခွဲဝေယူခဲ့တဲ့ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာ

မန်ချက်စတာယူနိုက်တက် ၄-၄ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)

လတ်တလောရုန်းကန်နေရတဲ့ ကလပ်အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက သွင်းဂိုးတွေနဲ့မြိုင်ဆိုင်ပြီး စိတ်လှုပ်ရှားစရာ ပွဲစဉ်တစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ပထမပိုင်းစတင်ချိန်မှာရော၊ ဒုတိယပိုင်းစတင်ချိန်မှာပါ အက်စတွန်ဗီလာက ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် သွင်းယူနိုင်ပေမဲ့ ချေပဂိုးတွေ ပြန်ပေးရကာ အဝေးကွင်းသရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တဖက်မှာလည်း ယူနိုက်တက်က အိမ်ကွင်းပရိသတ်ရှေ့မှောက် အကောင်းဆုံးတိုက်ပွဲဝင်သွားပြီး နာကျင်အချိန်ပိုရောက်ချိန်အထိ အစွမ်းကုန်ကြိုးစားကစားခဲ့ပါတယ်။ ဒါပေမဲ့ အခုအိမ်ကွင်းသရေလဒ်ရလဒ်ကြောင့် မိုက်ကယ်ကာရစ်ရဲ့အသင်းက နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် တန်းဆင်းဇုန်ဆီ ကျရောက်သွားပါတယ်။