The network connection is lost.

Banner Image

တန်းတက်နိုင်ခြင်းကို လကမ္ဘာပေါ်ခြေချနိုင်မှုနဲ့ နှိုင်းယှဉ်လိုက်တဲ့ အယ်လ်ဗာဘတ်နည်းပြ

ပြီးခဲ့တဲ့ရာသီ၊ တန်းတက်/တန်းဆင်းရှုံးထွက်ပွဲစဉ်မှာ နောက်ဆုံးမိနစ်ဂိုးကြောင့် သမိုင်းဝင်ဘွန်ဒက်လီဂါ တန်းတက်ခွင့်နဲ့လွဲချော်ခဲ့ရတဲ့ အယ်လ်ဗာဘာ့ဂ်အသင်းက အခုအချိန်မှာတော့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ဂျာမနီရဲ့ထိပ်တန်းလိဂ်မှာ ပါဝင်ကစားနိုင်ခွင့်ကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ခဲ့ပါပြီ။

တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ ပရပ်ရှားမွန်စတာအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဒီကလပ်သင်းက သမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါဆီ တန်းတက်နိုင်ခဲ့ပါတယ်။ ဟိုင်ဒင်ဟိမ်းကို ရှုံးနိမ့်ခဲ့တဲ့ ယမန်နှစ်၊ တန်းတက်/တန်းဆင်းရှုံးထွက်ပွဲစဉ်အပြီး အယ်လ်ဗာဘတ်အသင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

ကနဦးအဖြစ် သူတို့ရဲ့ကာလရှည်နည်းပြကြီးစတက်ဖန်က ဝါဒါဘရီမင်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ စတက်ဖန်က ၂၀၂၁-၂၂ ဘောလုံးရာသီ၊ စတုတ္ထတန်းမှာ ရှိနေချိန်ကတည်းက အယ်လ်ဗာဘတ်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ သူက အယ်လ်ဗာဘတ်အသင်းကို နှစ်နှစ်ဆက်တန်းတက်နိုင်အောင် လမ်းပြပေးခဲ့သလို ဘွန်ဒက်စ်လီဂါ-၂ ပြိုင်ပွဲမှာလည်း တတိယနေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာတော့ သူ့ကို ဘွန်ဒက်စ်လီဂါကလပ်အသင်းက ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟော့ဖန်ဟင်မ်အရန်အသင်းနည်းပြဟောင်းဗင်းဆင့်ဝက်ဂ်နာက နည်းပြသစ်အဖြစ် စတင်တာဝန်ယူခဲ့ပြီး အဲ့ဒီနွေရာသီမှာပဲ အသင်းရဲ့အဓိကကစားသမားတွေ ထွက်ခွာသွားခဲ့ကြပါတယ်။ ဂိုးအများဆုံးသွင်းပေးထားတဲ့ အက်စ်လာနီနဲ့ မူဟာမက်ဒါမာတို့က အငှားစာချုပ်သက်တမ်းကုန်ဆုံးလို့ ဟော်ဖန်ဟိမ်းဆီ ပြန်သွားခဲ့သလို အငှားသက်တမ်းကုန်လို့ ဟော့ဖန်ဟင်မ်ဆီ ပြန်သွားခဲ့သလို အသင်းကြယ်ပွင့်ရော်ဘင်ဖဲလ်ဟောင်ဝါလည်း အော့စ်ဘတ်ဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဇန်နဝါရီလမှာလည်း လိဂ်ရဲ့သွင်းဂိုးအများဆုံးကစားသမား အီနူတာလစ်က ဖရန့်ဖတ်ဆီ ထပ်မံထွက်ခွာသွားခဲ့ပြန်ပါတယ်။ ဒါ့အပြင် အားကစားဒါရိုက်တာနေးလ်အိုလီဘွတ်ခ်ကလည်း လွန်ခဲ့တဲ့လအနည်းငယ်ကမှ ဒေါ့မွန်အသင်းမှာ အလားတူတာဝန်ယူဖို့အတွက် အသင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

ဒီလိုအခက်အခဲတွေရှိခဲ့ပေမဲ့လည်း ဝက်ဂ်နာက တန်းတက်တိုက်ပွဲမှာ ပါဒါဘွန်း၊ ဟန်နိုဗာတို့လို အသင်းတွေလို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာတော့ အသက်-၄၀ နှစ်အရွယ်နည်းပြက အသင်းပရိသတ်တွေ၊ အသင်းရဲ့နာမည်ကျော်လာဘ်ကောင်လေးပေါလ်တို့နဲ့အတူ တန်းတက်အောင်ပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ပါတယ်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ကျွန်တော် အတော်လေး ရင်ခုန်နေခဲ့တာပါ" လို့ အောင်ပွဲခံနေတဲ့ ဝက်ဂ်နာက ပွဲအပြီးမှာ ပြောပါတယ်။ တန်းဆင်းသွားခဲ့တဲ့ ဖော်ကျူနာဒူဆယ်ဒေါ့ဖ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့က အိမ်ကွင်းပရိသတ်တွေရှေ့မှောက် အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ "ပြီးခဲ့တဲ့သီတင်းပတ်မှာ ကျွန်တော်တို့ သင်ခန်းစာယူနိုင်ခဲ့သလို ဒီနေ့မှာတော့ ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်" လို့ ဝက်ဂ်နာက ဆိုပါတယ်။ သူဟာ လွန်ခဲ့တဲ့သုံးပတ်၊ ရှော်လ်ကေးအသင်း တန်းတက်ခွင့်ရသွားပြီးနောက် ဇနီးသည်နဲ့အတူ အယ်လ်ဗာဘတ်ရဲ့တန်းတက်နိုင်ခွင့်အခြေအနေအကြောင်း စတင်ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

"ဒါ တကယ်ကို ထူးခြားတဲ့ အရာတစ်ခုပါ။ ဒီသီတင်းပတ်ထဲမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က 'အယ်လ်ဗာဘတ်သာ တန်းတက်နိုင်ရင် ဒါက လကမ္ဘာဆီ ပျံသန်းသွားရတဲ့ ခရီးစဉ်လိုမျိုး ဖြစ်လိမ့်မယ်' လို့ ပြောခဲ့ဖူးပါတယ်။ အခုတော့ ကျွန်တော်တို့ လကမ္ဘာပေါ်ကို တကယ်ပဲ ဆင်းသက်နိုင်ခဲ့ပါပြီ" လို့ ဝက်ဂ်နာက ဖြည့်စွက်ပြောကြားခဲ့ပြီး Sky နဲ့ အင်တာဗျူးကို အဆုံးသတ်ကာ အသင်းသားတွေရဲ့ အောင်ပွဲခံမှုထဲကို ဝင်ရောက်ပူးပေါင်းသွားခဲ့ပါတယ်။