The network connection is lost.

Banner Image

ယူနီယံဘာလင်မှာ သမိုင်းသစ်ရေးထိုးခဲ့တဲ့ မာရီ-လူးဝစ်အီတာရဲ့နေရာကို အစားထိုးဖို့ FC Thun နည်းပြ မော်ရိုလပ်စ်ထရီနယ်လီ ရေပန်းစားနေ

FC Thun အသင်းနည်းပြမော်ရိုလပ်စ်ထရီနယ်လီက ယူနီယံဘာလင်အသင်းအတွက် အမြဲတမ်းနည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးသူတစ်ဦးအဖြစ် သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူနီယံဘာလင်အသင်းက နည်းပြစတီဖန်ဘောင်ဂတ်ကို ရာထူးမှထုတ်ပယ်ပြီးနောက်မှာ မာရီ-လူးဝစ်အီတာကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီနောက်မှာ အီတာက ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အီတာက လာမယ့်ရာသီမှာ အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်ဖို့ သဘောတူညီထားပြီးသားဖြစ်လို့ ဘွန်ဒက်လီဂါကလပ်အသင်းအတွက် အမြဲတမ်းနည်းပြသစ်တစ်ဦးခေါ်ယူဖို့ လိုအပ်နေပါတယ်။

သတင်းထောက်ဖလိုရီယန်ပလက်တင်ဘာ့ဂ်ရဲ့ဖော်ပြချက်အရ အသက် ၅၀ အရွယ်ရှိ FC Thun နည်းပြ လပ်စ်ထရီနယ်လီက ယူနီယံဘာလင်အသင်းကို တာဝန်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

လပ်စ်ထရီနယ်လီဟာ အခုရာသီမှာ အံ့အားသင့်လောက်စရာကောင်းအောင် စွမ်းဆောင်ပြထားပြီး တန်းတက်လာတဲ့ FC Thun ကို အသင်းသမိုင်းတလျှောက် ပထမဆုံးဆွစ်ဇာလန်စူပါလိဂ်ဆုဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။