The network connection is lost.

Banner Image

လိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်ကို အနီးကပ်ဖိအားပေးနေဆဲ မန်စီးတီး

မန်စီးတီး ၃-၀ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်)

အခုအီတီဟတ်ကွင်းပွဲစဉ်မှာ အားထားရတဲ့တိုက်စစ်မှူးဟာလန်းမပါဝင်နိုင်ပေမဲ့ အိမ်ရှင်မန်စီးတီးက ဧည့်သည်ခရစ္စတယ်ပဲလေ့စ်ကို သက်သောင့်သက်သာဖြင့် ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း ဆီမန်ညိုနဲ့ အိုမာမာမွတ်ရှ်၊ ဒုတိယပိုင်းပွဲချိန်နှောင်းပိုင်းမှာ ဆာဗင်ဟိုတို့က သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ရာသီပိတ်သိမ်းဖို့ နှစ်ပွဲသာကျန်ရှိချိန် ပက်ဂွါဒီယိုလာရဲ့အသင်းက အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို နှစ်မှတ်အကွာဖြင့် အနီးကပ်ဖိအားပေးနိုင်ခဲ့ပါတယ်။