ဟက်နေးကိုခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ရန်ပြင်ဆင်နေတဲ့ ခရစ္စတယ်ပဲလေ့စ်
ခရစ္စတယ်ပဲလေ့စ်အသင်းက အပြောင်းအရွှေ့စျေးကွက်အတွင်း လူကြိုက်များနေတဲ့ မစ်ဒယ်ဘရော့ကြယ်ပွင့် ဟေဒင်ဟက်နေးကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတစ်ခု ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲမှာ ဟားလ်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ငယ်ဘ၀ကလပ်အသင်းဖြစ်တဲ့ မစ်ဒယ်ဘရော့မှထွက်ခွာသွားရဖို့ ရှိနေပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရ ခရစ္စတယ်ပဲလေ့စ်အသင်းက ဟက်နေးကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ နောက်ဆုံးကလပ်အသင်း ဖြစ်လာပြီး ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
လန်ဒန်တောင်ပိုင်းကလပ်ရဲ့ပထမဆုံးကမ်းလှမ်းမှုက ပေါင် သန်း ၂၀ ဝန်းကျင် ရှိလာနိုင်ပြီး ဒါက မစ်ဒယ်အသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းအောက် အနည်းငယ်လျော့နည်းနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်က ဟက်နေးကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ အဲဗာတန်၊ ဟားလ်စီးတီးတို့နဲ့အပြိုင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်သွားရပါမယ်။
ဟက်နေးက ရေးဗားဆိုက်ဒ် (Riverside) ကွင်းမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိပါတော့တယ်။