The network connection is lost.

Banner Image

ပလေးအော့ဖ်အနိုင်ရရှိမှုအပြီး မယုံနိုင်စရာအခိုက်အတန့်ပဲလို့ ဆောက်သမ်တန်ရဲ့အနိုင်ဂိုးရှင် ရှီးချားလ်စ် ပြောကြား

ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့အတွက် မစ်ဒယ်ဘရော့ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဆောက်သမ်တန်အတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရှီးချားလ်စ်က သူသွင်းယူခဲ့တဲ့ဂိုးနဲ့ပတ်သက်လို့ "မယုံနိုင်စရာကောင်းတဲ့ အခိုက်အတန့်"ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ချားလ်စ်က ပွဲကစားချိန် ၁၁၆ မိနစ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ဆောက်သမ်တန်ကို ဝင်ဘာလေကွင်းဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီမှာတော့ သူတို့က ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲအဖြစ် ဟားလ်စီးတီးအသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။

လူငယ်ကွင်းလယ်လူတစ်ဦးအတွက် အသင်းကို အခုလိုမျိုးကယ်တင်ပေးနိုင်ခဲ့တယ်ဆိုတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူက အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ဖူးပါတယ်။

ပွဲစဉ်အပြီး Sky Sport နဲ့ တွေ့ဆုံချိန် အလွန်ဝမ်းသာကြည်နူးနေတဲ့ ချားလ်စ်က သူသွင်းယူခဲ့တဲ့ဂိုးကို "မယုံနိုင်စရာအခိုက်အတန့်"လို့ ပြောကြားခဲ့ပြီး အဲ့ဒီဂိုးကို သူကိုယ်တိုင် တမင်ရည်ရွယ်ပြီး ကန်သွင်းခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

"ဒါ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ ဒါက သေချာပေါက် ဂိုးထဲဆီ ကန်သွင်းလိုက်တာပါ" လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး "ကျွန်တော်တို့အားလုံး ဘယ်သူမှ အချိန်ပိုကစားရတဲ့အခြေအနေမျိုးကို သိပ်မကြုံဖူးကြပါဘူး၊ အရင်က တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်ပဲ ရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရမ်းကောင်းတဲ့ အသင်းတစ်ခုဖြစ်လို့ ကံကောင်းထောက်မစွာနဲ့ပဲ အခုလို အနိုင်ရရှိခဲ့ပါတယ်" လို့လည်း ပြောကြားခဲ့ပါတယ်။