The network connection is lost.

Banner Image

အာမက်ကို ပြန်လည်ခေါ်ယူဖို့အတွက် ဆန်းဒါးလန်းအသင်း ယူနိုက်တက်နဲ့ ဆက်သွယ်

ဆန်းဒါးလန်းအသင်းဟာ သူတို့ရဲ့ 'အိပ်မက်' လို့တောင် တင်စားထားတဲ့ တောင်ပံကစားသမား အာမက်ကို အခုနွေရာသီမှာ ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်နေပြီလို့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာမက်ဟာ ၂၀၂၂-၂၃ ရာသီတုန်းက ဆန်းဒါးလန်းအသင်းမှာ အငှားနဲ့ လာရောက်ကစားခဲ့ဖူးပြီး ပွဲပေါင်း ၄၂ ပွဲမှာ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူပါ။

ဆန်းဒါးလန်းအသင်း ချန်ပီယံရှစ် ပလေးအော့ဖ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ အချိန်တုန်းကလည်း အာမက်ဟာ ပရိသတ်တွေရဲ့ အသည်းကျော် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဆန်းဒါးလန်းဟာ ဆီမီးဖိုင်နယ်မှာ လူတန်တောင်းအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။

I Paper ရဲ့ ဖော်ပြချက်အရ ဆန်းဒါးလန်းဟာ အာမက်ကို အသင်းဆီ ပြန်ခေါ်နိုင်ဖို့ ရည်မှန်းချက်ကြီးကြီးထားပြီး ယူနိုက်တက်နဲ့ ဆက်သွယ်မှုတွေ စတင်နေပြီလို့ သိရပါတယ်။

ယူနိုက်တက်အသင်းဆီကို မားသီးယပ်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘီယူမိုတို့ ရောက်ရှိလာပြီးနောက်ပိုင်းမှာ အာမက်ဟာ ပွဲကစားခွင့် နည်းပါးလာခဲ့ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်မှာရှိတဲ့ သူ့ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်ပြီး ပထမဆုံးသော ဝေဖန်သံတွေ၊ သတင်းတွေ စတင်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။