The network connection is lost.

Banner Image

အယ်လ်ဆတ်အသင်းနဲ့အတူ ကာတာစတားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဖာမီနိုနဲ့ မန်စီနီ

မန်စီးတီးနည်းပြဟောင်းရော်ဘတ်တိုမန်စီနီနဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘတ်တိုဖာမီနိုတို့ဦးဆောင်တဲ့ အယ်လ်ဆတ်က အသင်းသမိုင်းတလျှောက် ၁၉ ကြိမ်မြောက် ကာတာစတားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီအောင်မြင်မှုက ပြည်တွင်းလိဂ်မှာ အယ်လ်ဆတ်အသင်းရဲ့လွှမ်းမိုးမှုကို ဖော်ပြနေပြီး သုံးနှစ်ဆက်ချန်ပီယံဆုဆွတ်ခူးနိုင်မှုဖြစ်သလို နောက်ဆုံးရှစ်ရာသီအတွင်း ခြောက်ကြိမ်မြောက်ဗိုလ်စွဲခြင်းလည်း ဖြစ်ပါတယ်။

လိဂ်ပွဲစဉ်တစ်ခုကစားဖို့ ကျန်ရှိနေသေးပေမဲ့ အယ်လ်ရှာမယ်လ်အသင်းက ကာတာအက်စ်စီအသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်သွားလို့ ငါးမှတ်အသာစီးရရှိထားတဲ့ အယ်လ်ဆတ်အသင်းကို ကျော်တက်နိုင်ခြင်း မရှိတော့တဲ့ ချန်ပီယံဆုအတွက်  အတည်ပြုနိုင်ခဲ့ပါတယ်။

ဘရာဇီးကစားသမားဖာမီနိုကလည်း အခုဘောလုံးရာသီတလျှောက်လုံး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး လိဂ်ပွဲစဉ် ၂၀ ပါဝင်ကစားရာမှာ ဂိုးပါဝင်ပတ်သက်မှု ၁၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

အသင်းရဲ့အောင်မြင်မှုမှာ ဖာမီနိုတစ်ဦးတည်း ကြိုးစားခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အာဖစ်ကလည်း တစ်ရာသီလုံး အရေးပါတဲ့ကစားကွက်တွေနဲ့အတူ လိဂ်ဂိုး ၁၄ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ရာဖာမူဂျီကာကလည်း ၉ ဂိုးအထိ သွင်းယူပေးကာ အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။