မန်စီးတီးအပေါ်စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ မန်စီနီ တုံ့ပြန်
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအပေါ် ကျရောက်လာတဲ့ ဥပဒေရေးရာအကျိုးဆက်တွေနဲ့ပတ်သက်လို့ သူနဲ့သက်ဆိုင်ခြင်း မရှိဘူးလို့ မန်စီးတီးနည်းပြဟောင်းမန်စီနီက ရှင်းလင်းပြောကြားခဲ့ပါတယ်။
လက်ရှိအီတလီလက်ရွေးစင်အသင်းနည်းပြက ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မန်စီးတီးကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးရရှိအောင် ဦးဆောင်ပေးခဲ့ပါတယ်။
ဒီကာလအတွင်း လျှို့ဝှက်ငွေပေးချေမှုတွေနဲ့ ကလပ်ရဲ့ဘဏ္ဍာရေးအစီရင်ခံမှုဆိုင်ရာ စွပ်စွဲချက်တွေကြောင့် သူ့ရဲ့တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကာလ စစ်ဆေးမေးခွန်းထုတ်မှုတွေနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်လာရပါတယ်။
ဒါပေမဲ့ ပြင်သစ်နဲ့ကစားရမယ့် အီတလီအသင်းရဲ့နေရှင်းလိဂ်ပွဲစဉ်မတိုင်မီ ဒီစစ်ဆေးတွေ့ရှိချက်တွေကြောင့် သူ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသက်ရောက်မှုတွေ ရှိလာနိုင်တဲ့ စိုးရိမ်စိတ်တွေကို မန်စီနီကိုယ်တိုင် ပယ်ချခဲ့ပါတယ်။
ESPN နဲ့တွေ့ဆုံချိန် မန်စီနီက "မရှိပါဘူး။ ပြီးခဲ့တဲ့ညတုန်းကလည်း ကျွန်တော် ဒီအကြောင်းကို ပြောခဲ့ပြီးပါပြီ။ ဒါက ကျွန်တော်နဲ့သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ စိတ်မကောင်းစရာတစ်ခုကတော့ ဒါက မန်စီးတီးရဲ့ပြဿနာသာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
"မန်စီးတီးမှာ အပြစ်မရှိသေးသလို နှစ်ထပ်ကွမ်းစာချုပ် ရှိခဲ့တယ်ဆိုတဲ့ အချက်ကလည်း ကျွန်တော့်ပြဿနာ မဟုတ်ဘဲ သူတို့ရဲ့ပြဿနာသာဖြစ်ဖို့ များပါတယ်" လို့ ဆိုပါတယ်။