ဘာစီလိုနာနောက်ခံလူ ကွန်ဒီရဲ့ အခြေအနေကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီး ၃ သင်းက စောင့်ကြည့်နေ
လက်ရှိမှာတော့ ဘာစီလိုနာနောက်ခံလူ ဂျူးလ်စ်ကွန်ဒီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းကြီးတွေက အပြိုင်အဆိုင် စောင့်ဆိုင်းနေကြပါတယ်။
လာလီဂါရဲ့ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုတွေကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ငွေကြေးအမြောက်အမြားရရှိမယ့် ကစားသမားရောင်းချမှုတစ်ခု ပြုလုပ်ဖို့ လိုအပ်နေပြီး ကွန်ဒီဟာ အဆိုပါ ရောင်းထုတ်ခံရမယ့် အလားအလာအရှိဆုံးစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။
ရာသီအစမှာ ကွန်ဒီက အသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမဲ့ ဒါဟာ ဘာစီလိုနာအသင်းဘက်က ဈေးကွက်အတွင်း အပေးအယူလုပ်ရာမှာ အသာစီးရဖို့အတွက်သာ ဖြစ်တယ်လို့ အများက ယူဆနေကြပါတယ်။
Mundo Deportivo ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီး၊ လီဗာပူးနဲ့ မန်စီးတီး အသင်းတွေက အဆိုပါ ပြင်သစ်လက်ရွေးစင်နောက်ခံလူကို စိတ်ဝင်စားနေကြတာပါ။ အဆိုပါ ပရီးမီးယားလိဂ်အသင်း ၃ သင်းလုံးက လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်ခင် ကွန်ဒီရဲ့အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။