ကွန်ဒီကိုရောင်းထုတ်ဖို့ ဘာစီလိုနာ ပြင်ဆင်လာမှုကြောင့် လီဗာပူးနဲ့ ချဲလ်ဆီးတို့ သတိထားစောင့်ကြည့်လာ
ဘာစီလိုနာအသင်းက နောက်ခံလူကွန်ဒီကို အရောင်းစာရင်းတင်ဖို့ ပြင်ဆင်နေပါတယ်။
Radio Marca ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းက လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကွန်ဒီအတွက် ကမ်းလှမ်းမှုတွေကို စတင်နားထောင်သွားလိမ့်မယ်လို့ သိရပါတယ်။
စပိန်ထိပ်သီးကလပ်က ကွန်ဒီကို အသင်းမှ အတင်းအကျပ်ထွက်ခွာသွားစေဖို့ အတင်းအကျပ်ကြိုးစားနေခြင်းမဟုတ်ပေမဲ့ ဒီနွေရာသီမှာ ရောင်းချသွားမယ့်အလားအလာကိုတော့ မငြင်းပယ်နိုင်ပါဘူး။
ပြီးခဲ့တဲ့နှစ်အတွင်း ကွန်ဒီက ဘာစီလိုနာနဲ့ ၂၀၃၀ ပြည့်နှစ် နွေရာသီအထိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။လတ်တလောအခြေအနေတွေကိုတော့ ယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းကြီးတွေက စောင့်ကြည့်နေကြပါတယ်။
အသက် ၂၇ နှစ်အရွယ်ကွန်ဒီက နည်းပြဟန်ဆီဖလစ်ရဲ့လက်အောက်မှာ ခံစစ်အစွန်လူနေရာမှာပဲ အကန့်အသတ်ဖြင့်ကစားနေရလို့ အသင်းမှထွက်ခွာဖို့ စိတ်အားထက်သန်လာနိုင်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားက မိမိကိုယ်ကိုယ် ဗဟိုနောက်ခံလူအဖြစ်သာ အသားကျနေသူလို့ ယူဆထားပါတယ်။