The network connection is lost.

Banner Image

ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် အူဂါတေးကို ဂျူဗင်တပ်စ်ခေါ်ယူဖို့ ကြိုးပမ်းနေ

ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ မန်နူရယ်အူဂါတေးကို စိတ်ဝင်စားနေပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူဂါတေးကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းက ပြင်ဆင်နေတယ်လို့ La Gazzetta dello Sport သတင်းဌာနက ဖော်ပြထားပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ မာကို အိုတိုလီနီဟာ အင်္ဂါနေ့မှာ ကစားမယ့် ဥရုဂွေးနဲ့ အယ်လ်ဂျီးရီးယားတို့ရဲ့ ပွဲစဉ်မှာ အူဂါတေးရဲ့ ခြေစွမ်းကို သွားရောက်အကဲခတ်မှာ ဖြစ်ပါတယ်။

အီတလီထိပ်သီးကလပ်ရဲ့ နည်းပြ လူစီယာနို စပယ်လက်တီဟာ လာမယ့်ရာသီမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အပြောင်းအလဲတချို့ လုပ်ချင်နေတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ အူဂါတေး စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားကတည်းက သူ့ကို မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။ အူဂါတေးဟာ လာမယ့်ရာသီမှာ တွန်ကော့ပ်မိိုင်နာရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာနိုင်ပြီး အဆိုပါ နယ်သာလန်ကစားသမားကိုတော့ ဂါလာတာစာရေးအသင်းအပါအဝင် တခြားအသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။