The network connection is lost.

Banner Image

ရာသီကုန်မှာ ယူနိုက်တက်မှထွက်ခွာမယ်လို့ အရိပ်အယောင်ပြလာတဲ့ ယူဂါတီ

မန်ချက်စတာယူနိုက်တက်အသင်းကနေ ယူဂါတီတစ်ယောက် ထွက်ခွာတော့မယ့် အရိပ်အယောင်တွေ ပြနေပါတယ်။

ယူဂါတီဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၀.၅ သန်းအထိ ရှိနိုင်တဲ့ သဘောတူညီမှုနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ဘောလုံးလုယူရာမှာ အားကောင်းတဲ့ ဒီဥရုဂွေးကွင်းလယ်လူဟာ အော်ထရက်ဖို့ဒ်ကို ရောက်လာပြီးကတည်းက မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်ခဲ့ဘဲ အကျိုးဆက်အနေနဲ့ မိုက်ကယ်ကားရစ်လက်ထက်မှာ ပွဲထွက်ကစားခွင့် နည်းပါးလာခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ပရီမီယံလိဂ်မှာ ၈ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဇန်နဝါရီလမှာ ရူဘင်အမော်ရင်ရဲ့နေရာကို ကားရစ် အစားဝင်လာပြီးနောက်ပိုင်း ၁ ပွဲသာ ပွဲထွက်ခွင့် ရပါသေးတယ်။

ယူဂါတီရဲ့ အနာဂတ်က တခြားတစ်နေရာမှာ ရှိနေပုံရပြီး အပြောင်းအရွှေ့သတင်းကျွမ်းကျင်သူ ဖလိုရီယန် ပလက်တင်ဘာ့ဂ်ရဲ့ အဆိုအရ ဒီကွင်းလယ်လူဟာ ‘အသင်းပြောင်းဖို့ စီစဉ်နေပြီ’ လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ကျောနံပါတ် ၂၅ ဟာ ပြီးခဲ့တဲ့နွေရာသီက ဂါလာတာစာရေးအသင်းနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပါဘူး။ အခုတော့ လာမယ့်အပြောင်းအရွှေ့ကာလမှာ သူ့အတွက် ‘ရွေးချယ်စရာတွေ အများကြီး’ ရှိနေပြီလို့ ပလက်တင်ဘာ့ဂ်က ပြောကြားထားပါတယ်။

ကတ်စမီရို ထွက်ခွာဖို့ ရှိနေတာနဲ့အတူ ယူဂါတီပါ ထွက်ခွာသွားမယ်ဆိုရင်တော့ ဒါဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြင်ဆင်မယ့် လုပ်ငန်းစဉ်ရဲ့ အစပဲ ဖြစ်မှာပါ။ ဒါကြောင့် ဒီဥရုဂွေးသားဟာ အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားပြီးသွားပြီလည်း ဖြစ်နိုင်ပါတယ်။

ကားရစ်က သူ့ကို နောက်ဆုံး ၃ ပွဲဆက်တိုက် အရန်ခုံမှာပဲ ထားခဲ့သလို အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေကလည်း ဒီဖြစ်နိုင်ခြေကို ပိုပြီးအားကောင်းစေပါတယ်။