နည်းပြဒေးဗစ်မိုယက်စ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးဖို့ စတင်လာတဲ့ အဲဗာတန်
အဲဗာတန်အသင်းက နည်းပြဖြစ်သူဒေးဗစ်မိုယက်စ်နဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်းနေပါတယ်။
ပြီးခဲ့တဲ့ရာသီကမှ အဲဗာတန်ဆီ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တဲ့ မိုယက်စ်က လက်ရှိမှာတော့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။
သူ့ကို နည်းပြအဖြစ် စတင်ခန့်အပ်ခဲ့စဉ် ရေတိုစီမံကိန်းတစ်ခုအဖြစ်သာ အများရှုမြင်ခဲ့ကြပေမဲ့ စကော့တလန်သားနည်းပြရဲ့ စွမ်းဆောင်ရည်တွေက အသင်းအပေါ် အကောင်းမှ သိသိသာသာသက်ရောက်မှုရှိခဲ့လို့ အသင်းဘုတ်အဖွဲ့ကိုယ်တိုင် အခုလို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။
The Guardian သတင်းစာရဲ့ဖော်ပြချက်အရ မိုယက်စ်ရဲ့လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့နဲ့ ခံစားခွင့်တွေကို ပိုမိုတိုးမြှင့်ပေးဖို့အတွက် ဆွေးနွေးမှုတွေ စတင်တော့မယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဗာတန်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၈ နေရာမှာရှိနေပြီး ဥရောပဝင်ခွင့်ရရှိဖို့ ကြိုးစားနေပါတယ်။