The network connection is lost.

Banner Image

စတုတ်စီးတီးတောင်ပံကစားသမား သောမတ်စ်ကို ခေါ်ယူဖို့ ဘုန်းမောက်နည်းတူ အဲဗာတန်လည်း စိတ်ပါဝင်စားလာ

အဲဗာတန်က စတုတ်စီးတီးအသင်းတောင်ပံကစားသမားဆိုဘာသောမတ်စ်ကို စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ဝေးလ်လက်ရွေးစင်ကစားသမားကို ဘုန်းမောက်အသင်းက ကမ်းလှမ်းမှုပြုလုပ်ခဲ့ဖူးသလို အခုအချိန်မှာတော့ အဲဗာတန်ရဲ့ အပြောင်းအရွှေ့ပစ်မှတ်စာရင်းအတွင်း ပါဝင်လာနေပြီလို့ Daily Mail သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားက လူငယ်ကစားသမားဘ၀မှာ ဝက်စ်ဟမ်းမှထွက်ခွာလာပြီးနောက် အောက်တန်းလိဂ်တွေမှာပဲ ကျင်လည်ရင်း တဆင့်ချင်း ကြိုးစားတက်လှမ်းလာခဲ့ပါတယ်။ အခုဘောလုံးရာသီမှာတော့ သူက ကစားသမားဘ၀သက်တမ်းတလျှောက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေပါတယ်။ သူက အတိတ်မှာ ဘိုဟမ်ဝုဒ်နဲ့ ဟတ်ဒါဖီးလ်တောင်းအစရှိတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။

ဒီတောင်ပံကစားသမားက ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားအသင်းနဲ့ရင်ဆိုင်ရမယ့် အခုသီတင်းပတ်၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ Playoff အတွက် ဝေးလ်လက်ရွေးစင်အသင်းလူစာရင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။

သောမတ်စ်နဲ့ စတုတ်စီးတီးအသင်းတို့ရဲ့စာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်အထိ ရှိနေပါတယ်။