ဖိအားတွေအောက်ရောက်နေတဲ့တော့တင်ဟမ်နဲ့ ဒီဇာဘီတို့ ဆွေးနွေးမှုရှိလာ
အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ တော့တင်ဟမ်အသင်းနဲ့ ဒီဇာဘီတို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အီတာလျံသားရဲ့တော့တင်ဟမ်နည်းပြသစ်ရာထူးကိုလက်ခံဖို့နဲ့ပတ်သက်ပြီး သဘောထားကတော့ အခုထက်ထိ မပြောင်းလဲသေးပါဘူး။
အီတလီလူမျိုးနည်းပြကို တော့တင်ဟမ်အသင်းဘုတ်အဖွဲ့က ရေရှည်စီမံကိန်းအတွက် ပထမဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။
မာဆေးလ်အသင်းမှထွက်ခွာပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဇာဘီက အခုဘောလုံးရာသီကုန်အထိ ဘောလုံးလောကဆီ ပြန်ဝင်လာဖို့ မရှိသေးပါဘူး။ ဒါ့အပြင် တော့တင်ဟမ်အတွက်လည်း တန်းမဆင်းရဘဲ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေမှသာ နည်းပြရာထူးကို စဉ်းစားသွားဖို့ ရှိပါတယ်။
ဒီသတင်းစကားက နည်းပြသောမတ်စ်ဖရန့်ခ်ကို ရာထူးမှထုတ်ပယ်ပြီးချိန်မှာပဲ ကြားခံလူတွေမှတစ်ဆင့် တော့တင်ဟမ်အသင်းတာဝန်ရှိသူတွေဆီ ပေးပို့ခဲ့တဲ့ အရာလည်း ဖြစ်ပါတယ်။
လတ်တလောမှာ တော့တင်ဟမ်က တန်းဆင်းဇုန်အန္တရာယ်နဲ့ ကြီးကြီးမားမားရင်ဆိုင်နေရလို့ ယာယီနည်းပြတူဒေါကို ရာထူးမှ မကြာခင် ထုတ်ပယ်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်နေပေမဲ့ ဒီဇာဘီကတော့ အခုလိုအခြေအနေမျိုးမှာ အသင်းကိုတာဝန်ယူဖို့ စိတ်မဝင်စားပါဘူး။
ဘရိုက်တန်နည်းပြဟောင်းနဲ့ တော့တင်ဟမ်တို့အကြား ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ Telegraph သတင်းဌာနမှဖော်ပြထားပေမဲ့ နွေရာသီကာလမရောက်မချင်း ဘယ်အရာကိုမှအတည်ပြုနိုင်စရာ မရှိသေးပါဘူး။