အပြောင်းအရွှေ့စျေးကွက်ကို စုံစမ်းထောက်လှမ်းထားဖို့ အေးဂျင့်တွေဆီ ညွှန်ကြားထားတဲ့ ချဲလ်ဆီးကစားသမားခြောက်ဦး
ချဲလ်ဆီးအသင်းက လာမယ့်နွေရာသီမှာ အသင်းလူစာရင်းပိုင်းတစ်ခုလုံး အကြီးအကျယ်ပြောင်းလဲသွားမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိဘောလုံးရာသီကုန်ဆုံးဖို့ တဖြည်းဖြည်းနီးကပ်လာချိန် ရလဒ်တွေလည်း ကျဆင်းနေလို့ ချဲလ်ဆီးစီနီယာကစားသမားတော်တော်များများက နွေရာသီအပြောင်းအရွှေ့စျေးကွက်မဖွင့်ခင် သူတို့ရဲ့အနာဂတ်အတွက် ရွေးချယ်စရာတွေကို စတင်စဉ်းစားနေကြပါပြီ။
ချဲလ်ဆီးသတင်းတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ ကျွမ်းကျင်သူ ဆိုင်မွန်ဖီးလစ်ရဲ့အဆိုအရ ကစားသမားခြောက်ဦးလောက်က အခုနွေရာသီမှာ အသင်းမှ ထွက်ခွာနိုင်မယ့်အခြေအနေတွေကို စုံစမ်းဖို့အတွက် သူတို့ရဲ့အေးဂျင့်တွေဆီ ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာဖို့ စဉ်းစားနေတဲ့ အဲဒီကစားသမားတွေကတော့ အန်ဇိုဖာနန်ဒက်ဇ်၊ တိုဆင်အဒါရာဘီအိုယို၊ ဝက်စလေဖိုဖာနာ၊ ဘာဒီယာရှီလီ၊ မာ့ခ်ဂီအူနဲ့ ဖီးလစ်ဂျော်ဂန်ဆန်တို့ပဲ ဖြစ်ပါတယ်။
ဒီကစားသမားတွေအပြင် တခြားကစားသမားအချို့ကလည်း သူတို့ရဲ့ အနာဂတ်အတွက် တွေးတောနေကြပေမဲ့ လက်ရှိအချိန်အထိတော့ တိကျတဲ့ လုပ်ဆောင်ချက်မျိုး မရှိသေးပါဘူး။
ရာသီလက်ကျန်ကာလမှာ အသင်းရဲ့ရလဒ်ပိုင်း ဆက်လက်ဆိုးရွားနေဦးမယ်ဆိုရင် အခြေအနေတွေ အခုထက်ပိုပြီး ပြောင်းလဲသွားနိုင်ပါတယ်။