The network connection is lost.

Banner Image

ယူနိုက်တက်နဲ့အပြိုင် ချဲလ်ဆီးကွင်းလယ်လူ ဆန်းတို့စ်ကို စိတ်ဝင်စားကြောင်းဖော်ပြလာတဲ့ အင်တာမီလန်

ချဲလ်ဆီးကွင်းလယ်လူ ဆန်းတို့စ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်နဲ့အတူ အင်တာမီလန်အသင်းကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လူငယ်ကွင်းလယ်လူ အန်ဒရီဆန်းတို့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက်အတွက် အခုလို ပြိုင်ဘက်ကလပ်အသင်းတစ်သင်း ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာတော့မယ့် ဘရာဇီးဝါရင့်ကစားသမား ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့အတွက် ယူနိုက်တက်က ဒီလူငယ်ကစားသမားလေးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ Sportitalia ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာလည်း နွေရာသီအပြောင်းအရွှေ့ဈေးကွက် မတိုင်ခင်မှာ ဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လာမယ့်ရာသီအတွက် အသင်းရဲ့ကွင်းလယ်ပိုင်းကို အားသစ်လောင်းဖို့ ကြိုးစားနေတဲ့ အင်တာမီလန်ရဲ့ ဝယ်ယူချင်တဲ့ ကစားသမားစာရင်းထဲမှာ ဆန်းတို့စ် ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဆန်းတို့စ်နဲ့ ချဲလ်ဆီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၃၀ ပြည့်နှစ် နွေရာသီအထိ သက်တမ်းရှိနေပါတယ်။ အခုလက်ရှိရာသီမှာတော့ ဆန်းတို့စ်ဟာ ပရီမီယံလိဂ်ပွဲစဉ် ၂၂ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။